ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{12}

Start from the beginning
                                    

"ဟန်နီကအဆိုးလေးကွာ မောင့်ကိုကောင်းကောင်းမွန်မွန်းလေးတောင်မပြောပေးဘူး ဘာကိုနတ်ဆိုးလဲ"

"မောင် ပြောသလိုပဲလေ အသဲယားလို့"

"ဟန်နီ အသဲယားပုံကကလဲကွာ"

ဟန်နီက အသံထွက်အောင်ထိကိုရယ်သည် ဟန်နီ ဂွမ်အုကိုစရမယ်ဆိုရင် တက်ကြွနေသူလေးပါပဲ

"ပွဲစတော့ဖို့ သိပ်မကြာတော့ဘူးနော်"

"စိတ်လှုပ်ရှားနေတာလား"

"အင်း"

"မောင်ရှိတယ်လေ"

"အွင်း ဟုတ်တာပေါ့မောင်ရှိနေတာပဲ စိတ်လှုပ်ရှားစရာမလိုဘူး"

တကယ်ဆို ဂွမ်အုလည်းစိတ်လှုပ်‌ရှားနေတာ သေမတက်ပါပဲ ‌ဟန်နီက ဂွမ်အုအပိုင်ဖြစ်ပြီဆိုတာတွေးမိလိုက်တိုင်း ဂွမ်အုပြောမတက်အောင်ပျော်မိသည် ဒီနေ့တစ်ရက်ကတော့
ဂွမ်အုအတွက် အပျော်ဆုံးနေ့ဖြစ်မှာအသေချာပင်

~

"ဟာအို hyung တို့ကိုသွားကြည့်ပြီးပြီလား
ယူဂျင်း"

"အင်း ကြည့်ပြီးပြီ....သိပ်လိုက်ဖက်တာပဲနော်"

"အင်း"
ဂယူဘင်က အရှေ့ကဟာအိုhyungတို့ကိုကြည့်ကာယူဂျင်းအပြောကိုထောက်ခံ၏

"ဂွမ်အုhyungကလည်း အချစ်ကြီးတယ်လို့ဆိုရမလားပဲ မိဘတွေဆီက အမွေအပျက်စွန့်လွှတ်ခံရတာတောင် ဟာအိုhyungကိုပဲရွေးခဲ့တယ်လေ"

"အားကျနေတာလား"

"အားကျတာပေါ့ တစ်ခါလောက်တော့ အချစ်ခံဖူးချင်တယ် ကိုယ့်သူ့ကိုချစ်တာထက်ကို သူကပြန်ချစ်ပေးနိုင်တဲ့လူလေ အဲ့လိုလူမျိုးနဲ့တွေ့ဖူးချင်တယ် ပြီးတော့သိလားတစ်ဖက်သတ်အချစ်ကသိပ်ကိုခံစားရတယ်"

ဂယူဘင်က ဒီအတိုင်းမေးလိုက်တာပါ နားလည်ရခက်တဲ့ မျက်လုံးတွေနဲ့‌ပြန်ဖြေလာတဲ့ ယူဂျင်းကြောင့် ဂယူဘင်မလုံမလဲပင်ဖြစ်လာတော့၏

တကယ်တော့လေ ငါကမင်းထင်ထားတာထက်ကို မင်းကိုပိုချစ်တဲ့ကောင်ပါကွာ ဒါတွေက မင်းမမြင်ရတဲ့ငါရဲ့တစ်ဖက်ခြမ်းပေါ့

~

"ပန်စည်းပစ်ရမယ်လေ ဟာအိုရ"

ခေးထားhyungရဲ့စကားကြောင့် မက်သရူးအနည်းငယ်လန့်လာရ၏ ပန်စည်းက
ဆောင်းဟန်ဘင်း ဆီသို့‌ကျမှာတော့မဟုတ်ပါဘူးနော် ကျများသာကျခဲ့ရင် တကယ့်ကိုမတွေးရဲစရာပဲ

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now