မမအတွက်​...​နောက်​ထပ်​ သူ့​သိက္ခာအတွက်​ အိမ်​​ရှေ့စံကိုသူဘယ်​​တော့မှချက်​ချင်းသတ်​မပစ်​​တော့ပါ။

ပြတင်း​ပေါက်​သို့မျက်​နှာမူထားမိချိန်​တွင်​ ​ခါးသို့လက်​တစ်​ဖက်​နှင့်​ဆွဲယူ​သော​ကြောင့်​ ရင်​​ငွေ့​တွေကိုသူခံစားလိုက်​ရသည်​။သူ့ဆံနွယ်​​တွေကိုနမ်းလာ​သော်​ ​ဆော့ဂျင်​မရုန်းဘဲငြိမ်​​နေဖြစ်​ခဲ့သည်​။ဒါကိုပဲ အိမ်​​ရှေ့စံသည်​သ​ဘောတကျရယ်​ကာ သူ့လက်​ခုံကိုပါ​မြှောက်​လျက်​နမ်းသည်​။

"ရစ်ချက်​ .."

ကိုယ်​ကိုယို့လျက်​ဝင်​လာ​သောရစ်​ချက်​ကမ်း​ပေးသည့်​ ​ရွှေဘူးအတွင်းမှနီလာလက်​စွပ်​တစ်​ကွင်းကို နမ်​ဂျွန်းထုတ်​ယူလိုက်​သည်​။ရင်​ခွင်​အတွင်းမှငြိမ်​​နေ​သော လီယို့အားငုံ့ကြည့်​​​တော့ ​အပြင်​ဘက်​ရှိသစ်​ပင်​​တွေကိုသာ ​ငေး​နေမှန်းသူ​တွေ့ရသည်​။

သစ်​ပင်​​တွေကို​ငေး​နေလည်း ထိုအရာ​တွေကိုမ​တွေ့ဘဲအ​တွေးထဲ​မျော​နေမှန်းသူသတိထားမိပါသည်​။အဆိုးအဆာလိုရုန်းကန်​မ​နေ​တော့​သော သူချစ်​သည့်​လီယိုသည်​ ​မြွေ​ဟောက်​က​လေးလိုဖြစ်​လာမှာကို​တော့သူမလိုလားမိပါ​ချေ။မုန်းလျှင်​လည်း ​မုန်းသည့်​ပုံစံ​လေးအတိုင်းသာရှိ​နေ​စေချင်​သည်​။

"ချစ်​တယ်​ လီယို .."

"ကျွန်​​တော်​က​တော့ အရှင့်​ကိုမုန်းတယ်​.."

ဝန်​ခံမိခြင်းတွင်​ ရင်​ခွင်​အတွင်းရှိဆက်​ခနဲတုန်​ယင်​သွားမှု​လေးကိုသူခံစားလိုက်​ရသည်​။ထို့​နောက်​ တုန်​​တော့မည့်​အသံ​တွေကိုထိန်း​ပြောလိုက်​​သောစကားသံ​လေး..။ငြိမ်​​နေသည်​ထက်​စာလျှင်​ ပြန်​လည်​တုံ့ပြန်​မှုကိုရရှိလို့ သူ​ကျေနပ်​မိသွားသည်​။အ​ခေါ်အ​ဝေါ်​တွေ​တော့​ပြောင်းသွားသည်​ပဲ...။

"ကိုယ်​သိတာကိုပဲ ဘာဖြစ်​လို့​ပြော​နေရ​သေးသလည်း လီယို..မင်းပင်​ပန်းတာ​ပေါ့ .."

နမ်​ဂျွန်းအနည်းငယ်​ပြုံးလျက်​​ရေရွတ်​မိပြီး​နောက်​ လီယို၏ဘယ်​ဘက်​လက်​သူကြွယ်​တွင်​ ​နီလာလက်​စွပ်​ကို​နေရာယူ​စေလိုက်​သည်​။ပါးကိုငုံ့နမ်းမိ​တော့ မျက်​လွှာချသွားတာကိုနှစ်​လိုဖွယ်​​တွေ့ရပြီး ပါးပြင်​​တွေရဲတက်​လာတာကိုပါသူ​တွေ့လိုက်​ရသည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now