ငယ်ငယ်ကတည်းက Jongwoo အလွန်စိတ်ဝင် စားတဲ့အရာ၊ သေချာပေါက် တက်မြောက်ချင်တဲ့ ပညာရပ်တစ်ခု ဒါပေမယ့် သူက ပန်းချီပညာမှာ ပါရမီပါမလာဘူးထင်ပါရဲ့၊ ပုံလေးတစ်‌ပုံတောင် ကောင်းကောင်း မဆွဲနိုင်တဲ့ သူ့အတွက် အဲ့ဒီပညာရပ်က အလှမ်းဝေးလွန်းပါသည်၊

အကျအနထိုင်ပြီး ဆွဲနေတဲ့ ထိုကောင်လေး၊ လူတွေက တစ်ခုခုကို အာရုံစူးစိုက်ပြီး လုပ်နေတဲ့အချိန် ကြည့်အကောင်းဆုံးမလား၊ ထိုကောင်လေး‌လဲ အဲ့အတိုင်းပဲ ထင်တယ်၊ အင်္ကျီအဖြူရောင်ကို ဝတ်ထားပြီး စုတ်တံတွေကို ကိုင်ကာ ပန်းချီကားတစ်ချပ်ကို ပုံဖော်နေတဲ့ ထိုကောင်လေးရဲ့ ပုံကလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။

Jongwoo ကြည့်နေရင်း သူဆွဲလို့ပြီးပြီထင်ပါရဲ့ ပစ္စည်းတွေကို သိမ်းဖို့ ပြင်နေသည်၊ မထင်ထားတာ တစ်ခုက သူ အပေါ်ကိုလှမ်းကြည့်လိုက်တဲ့ အခိုက် ကျွန်တော်ကို တွေ့သွားပါသည်၊ အကွာအဝေးတစ်ခု ရှိပေမယ့် အကြည့်ချင်းစုံနေသလို၊

' သူ ကျွန်တော်ကို ပြုံးပြလာတယ် '

ဘာကြောင့်မှန်းမသိ သူပြတင်းပေါက်အနောက်ကို ကွယ်လိုက်မိသည်၊ ကျွန်တော့်ကိုမြင်သွားတာ သိပေမယ့်၊ ကျွန်တော် သူ့ကိုလှမ်းကြည့်နေသည်ကို သိသွားပေမယ့် သူလှမ်းပြုံးပြတဲ့ အချိန်တော့ Jongwoo ဘာကြောင့်မှန်းရယ် မသိ ရှောင်ပြေးမိတယ်၊

သူ့စိတ်ထဲမှာ တစ်မူထူးဆန်းသလို ခံစားနေရတဲ့ ကောင်လေး Hee Choi

_____________________________________________


[ At 7:00 am ]

"ဒေါ်ဒေါ် ဒီနေ့ ကျွန်တော့်ကို ကော်ဖီတစ်ခွက် ပဲ ‌ဖျော်ပေးပါ "

ဒီနေ့တော့ Jongwoo မနက်စာကို Coffee ပဲ သောက်ချင်မိသည်၊ ထူးထူးဆန်းဆန်း သူ့စိတ်တွေ လန်းဆန်းနေသလိုပင်

" ဒေါ်ဒေါ် အဲ့ဒီအိမ်မှာရော အလုပ်လုပ်တာလား "

Jongwoo ဆီမှ ဒီလို စကားမျိုး ထွက်လာတာကြောင့် ဒေါ်ကြီးမှာ ချက်ချင်း မဖြေနိုင်ပဲ အံ့ဩနေတဲ့ပုံ၊ အံ့ဩချင်စရာလည်း ဟုတ်ပါသည် ပုံမှန်ဆို Jongwoo က တစ်ရက်နေလို့်မှ စကားသုံးခွန်း ပြည့်အောင် ပြောတတ်တဲ့သူမျိုးမှ မဟုတ်တာ၊

MIDNIGHT Where stories live. Discover now