အခန်း ၁၄၇။ အဓိကအချက်ကတော့ သူ့ကိုဖိထားချင်တာပဲ။

Start from the beginning
                                    

ယခုအချိန်မှာတော့ လော့လော့ဖေးက သူ့ကိုပြန်လည်တုံ့ပြန်လာရုံမက "လွှမ်းမိုးလိုသောအနေအထား"ကိုပါ အကြိမ်အနည်းငယ်ခန့် ပြသလာသည်လေ။ ဒါကသူ့ကိုမီးတောက်လာစေပြီး လုံးဝလက်မလွှတ်ချင်အောင် လုပ်နေသည်။
 
လော့ယန်‌စိတ်လှုပ်ရှားနေတာကတော့ ယဲ့ရှော်တစ်ကယ်ကြီး သူ့ဇာတိမြို့လေးဆီ အပြေးလာကာ သူ့ကိုရှာဖွေသောကြောင့်ဖြစ်သည်။ စောစောကဖုန်းခေါ်တုန်းကလည်း ယဲ့ရှော်ဒီလိုပြောခဲ့သည်။

မိသားစုနှင့် ရှင်းလင်းခဲ့ပြီ။ သူ့ပါပါးက အပေးအယူညှိနှိုင်းပေးသည်။ သုံးနှစ်တောင့်ခံနိုင်ပါက သူတို့အတူဆက်ရှိဖို့ကို သဘောတူပေးမည်ဟု။
  
သုံးနှစ်ဆိုတာ မတိုတောင်းသလို သျပ်လည်းမရှည်လျားပါချေ။ လူတွေကိုစမ်းသပ်ဖို့ အနေတော်သည့် နည်းလမ်း‌ကောင်းတစ်ခုပင်။
  
လော့ယန်ကတော့တွေးသည်။ နောက်သုံးနှစ်ဆိုလျှင် သူသုံးဆယ်ပြည့်ပြီဖြစ်ကာ အဲဒီ့အချိန်ကျ ယဲ့ရှော်ကိုလက်ထပ်နိုင်ပြီဖြစ်သည်။
  
ကောင်းပြီ။ သုံးနှစ်ကြာပြီးလျှင် လကါထပ်ကြမည်။
  
နှုတ်ခမ်းလွှာများနှင့် လျှာများသည် ရစ်ပတ်ယှက်နွယ်နေကြပြီး အသက်ရှူများပင် ကြပ်လာသည်အထိ နမ်းရှိုက်နေကြသည်မှာ နှုတ်ခမ်းထောင့်စွန်းမှ ငွေရောင်အမျှင်တန်းငယ်ပါ စီးကျလာသည်အထိပင်။

"ရှောင်ရှော်... ရှောင်ရှော်...."

"လော့လော့.... ကျွန်တော့်ရဲ့လော့လော့..."

ခံစားချက်တွေကို ဘယ်လိုဖိနှိပ်ရမည်မသိတော့ပါ။ နှစ်ဦးသား အချင်းချင်း၏ နာမည်ကိုညည်းတွားရင်း သူတို့၏လက်များကို ဆုပ်ကိုင်ထားကြပြီး ခွဲခွာလို့မရနိုင်ပေ။
  
နှင်းထုကြားတွင်ရပ်နေကြသည်မို့ အတော်လေးအေးခဲကာမူးဝေနေကြပြီးနောက် ယဲ့ရှော်၏နှာချေသံက သူတို့၏မရပ်တန့်လိုသည့် ဆန္ဒများကို ကယ်တင်လိုက်သည်။
  
အထိတ်တလန့်ဖြင့် လော့ယန်တစ်ယောက် သတိပြန်ဝင်လာပြီး ယဲ့ရှော်အတွက်ယူလာသည့်ဂျက်ကတ်ကို ခြုံပေးလိုက်သည်။
  
"အရမ်းအေးနေလား။ ငါ့ဇာတိမြို့ရဲ့အပူပေးစနစ်က မြို့ကြီးတွေမှာလို သိပ်မကောင်းလှဘူး။ ဒီမှာတအားအေးတယ်။ လေအေးတွေချည်းပဲ။ ဘာပဲဖြစ်ဖြစ် ထူထူလေးဝတ်ထားပြီး ခဏသည်းခံလိုက်နော်။ အိမ်ကိုမြန်မြန်လိုက်ခဲ့။ စောင်ခြုံပြီးနွေးအောင်လုပ်ရမယ်"

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ(Translation)Where stories live. Discover now