ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{9}

Start from the beginning
                                    

"ဆောင်းဟန်ဘင်းshi ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ကျွန်တော်နေရခက်တယ် ရုံးကလူတွေရဲ့အကြည့်တွေကြောင့်"

"အင်းပါ မက်သရူးမကြိုက်ရင်ကိုယ်နောက်မလာတော့ပါဘူး"

သိသိသာသာမျက်နှာညိုးသွားတော့ hyung ကြောင့် မက်သရူးနည်းနည်းတော့သနားစိတ်ဝင်မိလာပြန်တယ် ထို့နောက် hyung ရဲ့လက်ပေါ်က plastaကိုအကြည့်ရောက်သွားခဲ့

"လက်က ဘာဖြစ်တာလဲ"

"အော်ဒါလား....ညကဟင်းချက်ရင်း ဓားထိသွား....."

ဟန်ဘင်းလက်ကို ကိုင်လိုက်တာ အနာကိုကြည့်နေတဲ့ မက်သရူး

"နည်းနည်းပဲ ထိတာပါ"

"ဘာလို့ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရတာလဲ နည်းနည်းထိတာလည်းမဟုတ်ဘူး ဆေးကောထည့်ထားရဲ့လား"

မက်သရူးရဲ့ပုံစံကိုကြည့်‌တာနဲ့ ဒီကောင်လေးက ဟန်ဘင်းကိုစိတ်ပူနေတာ အသိအသာ

"မထည့်...ထည့်ရသေးဘူး"

"မထည့်ရသေးဘဲ plastaကပ်ရလား ခင်ဗျားရူးနေလား" ဟုဆိုကာ မက်သရူးက သူ့လက်က plastaကိုချွတ်ကာ သူဆောင်လေ့ရှိ‌တဲ့ ဆေးလေးနဲ့ ဟန်ဘင်းရဲ့ အနာကိုသေချာလိမ်းပေးနေလေရဲ့ ဒီ‌ကောင်လေးကဟန်ဘင်းကို ခပ်ချေချေဆက်ဆံနေတဲ့ ကောင်လေးရော ဟုတ်ရဲ့လား

"ရပြီ plasta အပိုရှိလား"

"ရှိ...တယ်"

"ဒါဆိုပေး"

"မက်သရူး"

"ဘာလဲ"

"ကိုယ့်ကိုစိတ်ပူနေတာလား"

ဟန်ဘင်းမေးလိုက်တော့မှ မက်သရူးရဲ့နာလေးတွေက တဖြေးဖြေးနီ‌လာလေရဲ့

"သေလိုက်ပါလား ဘာလို့စိတ်ပူရမှာလဲ...ကိုယ်ကြောင့်ဖြစ်တာဆိုတော့ လုပ်ပေးတာပါ"

"...."

"ဟော ဘာလို့လူကို မယုံသင်္ကာဖြစ်နေတဲ့ မျက်လုံးတွေနဲ့လာကြည့်နေတာလဲ...အိမ်...အိမ်ပြန်မယ်လေ လိုက်မပို့တော့ဘူးလား မပို့ရင်လည်းကိုယ့်ဘာသာပြန်..."

"ကိုယ့်ဘာသာတော့ မပြန်ပါနဲ့ကွာ ကိုယ်လိုက်ပို့မယ်ဟုတ်ပြီလား"

"ပြီးတာပဲ"

ထို့နောက် ဟန်ဘင်းလည်း‌သီချင်းလေးတစ်ပုဒ်ကိုဖွင့်လိုက်၏ ဒီသီချင်းက အခုဟန်ဘင်းခံစားချက်နဲ့ကွက်တိဖြစ်နေတဲ့သီချင်း

"𝐓𝐨 𝐛𝐞 𝐲𝐨𝐮𝐧𝐠 𝐚𝐧𝐝 𝐢𝐧 𝐥𝐨𝐯𝐞 𝐢𝐧 𝐍𝐞𝐰 𝐘𝐨𝐫𝐤 𝐂𝐢𝐭𝐲
𝐓𝐨 𝐧𝐨𝐭 𝐤𝐧𝐨𝐰 𝐰𝐡𝐨 𝐈 𝐚𝐦 𝐛𝐮𝐭 𝐬𝐭𝐢𝐥𝐥 𝐤𝐧𝐨𝐰 𝐭𝐡𝐚𝐭 𝐈'𝐦 𝐠𝐨𝐨𝐝 𝐥𝐨𝐧𝐠 𝐚𝐬 𝐲𝐨𝐮'𝐫𝐞 𝐡𝐞𝐫𝐞 𝐰𝐢𝐭𝐡 𝐦𝐞
𝐓𝐨 𝐛𝐞 𝐝𝐫𝐮𝐧𝐤 𝐚𝐧𝐝 𝐢𝐧 𝐥𝐨𝐯𝐞 𝐢𝐧 𝐍𝐞𝐰 𝐘𝐨𝐫𝐤 𝐂𝐢𝐭𝐲
𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐢𝐧𝐭𝐨 𝐦𝐨𝐫𝐧𝐢𝐧𝐠 𝐜𝐨𝐟𝐟𝐞𝐞
𝐁𝐮𝐫𝐧𝐢𝐧𝐠 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐭𝐡𝐞 𝐡𝐨𝐮𝐫𝐬 𝐭𝐚𝐥𝐤𝐢𝐧𝐠

𝐃𝐚𝐦𝐧, 𝐈 𝐥𝐢𝐤𝐞 𝐦𝐞 𝐛𝐞𝐭𝐭𝐞𝐫 𝐰𝐡𝐞𝐧 𝐈'𝐦 𝐰𝐢𝐭𝐡 𝐲𝐨𝐮
𝐈 𝐥𝐢𝐤𝐞 𝐦𝐞 𝐛𝐞𝐭𝐭𝐞𝐫 𝐰𝐡𝐞𝐧 𝐈'𝐦 𝐰𝐢𝐭𝐡 𝐲𝐨𝐮
𝐈 𝐤𝐧𝐞𝐰 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐭𝐢𝐦𝐞, 𝐈'𝐝 𝐬𝐭𝐚𝐲 𝐟𝐨𝐫 𝐚 𝐥𝐨𝐧𝐠 𝐭𝐢𝐦𝐞 '𝐜𝐚𝐮𝐬𝐞
𝐈 𝐥𝐢𝐤𝐞 𝐦𝐞 𝐛𝐞𝐭𝐭𝐞𝐫 𝐰𝐡𝐞𝐧
𝐈 𝐥𝐢𝐤𝐞 𝐦𝐞 𝐛𝐞𝐭𝐭𝐞𝐫 𝐰𝐡𝐞𝐧 𝐈'𝐦 𝐰𝐢𝐭𝐡 𝐲𝐨𝐮"

~

"‌ဟန်နီ"

"မောင်ရောက်လာပြီလား ဟန်နီက မောင်မလာတော့ဘူးထင်ပြီး တစ်ယောက်ထဲပြန်လာတော့မို့"

"မောင်နည်းနည်းနောက်ကျသွားတယ် မဟုတ်လား တောင်းပန်တယ်နော်"

"မဟုတ်တာ အခုမောင်ရောက်လာပြီပဲလေ ဟန်နီတို့သွားကျတာပေါ့"

မောင်နဲ့နှစ်ယောက်အတူတူလမ်းလျှောက်လာကျရင်း မောင်ကဟာအိုရဲ့လက်ကို လာကိုင်လာ၏ မောင်ကအဲ့သလိုလည်း အသားယူတက်သေးတာ

"ဟန်နီ ဟိုဆောင်းဟန်ဘင်းhyungလေ ဟန်နီဆီသိပ်မလာတော့ဘူးနော်"

"အိုသူလား သူကသူ့အချစ်ကိုရှာတွေ့သွားပြီလေ"

အခုအချိန်လောက်ဆို ဟန်ဘင်းတစ်ယောက် မက်သရူးရုံးအရှေ့မှာစောင့်နေလောက်ရောပေါ့ ဟန်ဘင်းကမက်သရူးကြောင့်တော်တော်ပြောင်းလဲလာတယ် အခုဆိုသူက သူအဖေ့ရဲ့ ကုမ္ပဏီမှာပါ အလုပ်ဝင်လုပ်လာပြီလေ

"ဟန်နီကို မောင်ပြောစရာရှိတယ်" ဟုဆိုတာ မောင်က ဟာအိုကိုလေးလေးနက်နက်ကြည့်လာ၏

"ဘာများပြောမှာမလို့ အခုလိုကြည့်နေရတာလဲ"

"မောင်တို့ လက်ထပ်ရအောင်ဟန်နီ"

~🌹~

A/N - feedback တွေမရတော့ တစ်ခါတစ်လေကျ ငါ့အရေးအသားတွေများသိပ်မကောင်းလို့လားဆိုပြီး တွေးယူရတဲ့အထိပါပဲမကောင်းဘူးဆိုရင်လည်း ကန်ဒီ့ကိုပြောကျပါနော် မကောင်းဘူးလည်းမကြားရ ကောင်းတယ်လို့လည်းမကြားရတော့ နည်းနည်းတော့ ဝမ်းနည်းမိ ㅠㅠ {ကိုယ့်ကိုကိုယ် ကန်ဒီလို့ပဲသုံးလိုက်မယ်နော် သာသာတို့ author လို့တော့ ကိုယ့်ကိုယ်ကိုယ် သုံးဖို့ကနည်းနည်းဝန်လေးလို့ပါ}

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now