ညဘက်ရောက်တော့ ပိုင်မုရဲ့အသိုက်က နူးညံ့ပျော့ပျောင်းတဲ့အိပ်ရာပေါ်မှာ ရှိနေပြီး သူ့ခန္ဓာကိုယ်ပေါ်ကနာကျင်မှုက သူ့ကိုအိပ်ပျော်ဖို့ခက်ခဲစေတယ်။ ပိုင်မုက မလှုပ်ရဲတော့ဘဲ သူ့ခန္ဓာကိုယ်က ပိုလို့တောင်နာကျင်လာတယ်။ ပိုင်မုက အိပ်မပျော်သေးပဲ သူ့ရဲ့အသက်ရှုသံက မမှန်နေတာကို ခဲယ်လ်တစ်ခံစားမိတာကြောင့် သူကစိုးရိမ်တကြီးမေးလိုက်တယ်။ "ဘာဖြစ်နေတာလဲ?"

"ကျွန်တော့်ခန္ဓာကိုယ်က နာကျင်နေပြီး အိပ်မပျော်ဘူး"

"ဒါဆို ကိုယ်မင်းကို ဆေးလိမ်းပေးရမလား"

"ကောင်းပါပြီ နေရာလွတ်ထဲ သွားရအောင်" ပိုင်မုက တကယ်ကို နေရတာမသက်မသာဖြစ်နေလို့ ဒီအဆိုပြုချက်ကို သူ အဆင်သင့်လက်ခံလိုက်တယ်။

နေရာလွတ်ထဲမှာ ရာသီလေးခုမရှိတာကြောင့် နှစ်ယောက်သား‌ နေရာလွတ်ထဲဝင်လာပြီး အဝတ်အစားတွေချွတ်ပြီးနောက်မှာ မအေးတော့ဘူး။ ပိုင်မုက သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ကုတင်ပေါ်လှဲလိုက်ကာ သူ့ကို ဆေးလိမ်းပေးဖို့ ခဲယ်လ်တစ်ကိုတောင်းဆိုလိုက်တယ်။

အခုမှသာ ခဲယ်လ်တစ်က ပိုင်မုရဲ့နောက်ကျောက ဒဏ်ရာကိုမြင်လိုက်ရပြီး သူ့နောက်ကျောပေါ်မှာ ကြီးမားတဲ့ခရမ်းပြာရောင်ပွန်းပဲ့ဒဏ်ရာတစ်ခုရှိနေတယ်။အဲ့ဒါက ဖြူဖွေးတဲ့အသားအရေအောက်မှာ သွေးတစိမ့်စိမ့်ထွက်နေပုံရပြီး အချို့နေရာတွေမှာတော့ အနည်းငယ်ရောင်ရမ်းနေပုံရတယ်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ နာနေလား" ခဲယ်လ်တစ်က ပိုင်မုကို ညင်ညင်သာသာ ဆေးလိမ်းပေးတယ်။ ​နေ့လည်​ကရလာတဲ့ ​ဆေး​တွေအကုန်​လုံးကို သူ့ဒဏ်ရာပေါ်မှာလိမ်းလိုက်တယ်။

"နည်းနည်းတော့နာတယ် လင်းယုန်ကြီးနဲ့ ရင်ဆိုင်ရတုန်းက ဖြစ်ခဲ့တာလေ အဲဒီတုန်းက လင်းယုန်ကြီးရဲ့ တိုက်ခိုက်မှုက အရမ်းပြင်းထန်လို့ ကျွန်တော့်နောက်ကျောက ကျောက်သားနံရံကို တိုက်မိသွားတာ ပြီးတော့ ကျွန်တော့်နောက်မှာရှိနေတဲ့ ကျောက်သားနံရံက မချောမွေ့နေဘူးလေ ကျွန်တော်ပြင်းပြင်းထန်ထန်တိုက်မိသွားတော့ ဒီလိုဖြစ်သွားတာပဲ" ပိုင်မုက ပေါ့ပေါ့ပါးပါးပြောခဲ့ပေမယ့် အဲဒီအချိန်တုန်းက ဘယ်လောက်အန္တရာယ်ရှိခဲ့လဲဆိုတာကို သူသိပါတယ်။ အိုးအဖုံးကိုတောင် လင်းယုန်ခြေသည်းနဲ့ကုတ်တာကို ခံလိုက်ရသေးတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now