နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၃၉

Start from the beginning
                                    

လက်တေဘာတေက အရင်အတိုင်းပဲ နောက်ဆုံးမှာ အအေးဓာတ်တေရဲ့ထိပ်ခေါင်ထိအေးပီး

နှင်းမှုန်လေးတေအဖြစ် ပြောင်းလဲပျံ့ကြဲပီး ခန္ဓာမကျန်ပဲ ပျောက်ကွယ်ကြရတယ် "

"ဟင်..ဒါတကယ်ပဲလား.."

"တကယ်ပါသခင်လေးရယ် ဦးရီးတော်သခင်ကြီးတောင်လဒါကိုပဲ နေ့နေ့၏ စိတ်ပူစိုးရိမ်နေကြတာ"

"စစ်ကျွေး စိတ်မပူပါနဲ့ ထိန်းထားဖို့ရာနည်းလမ်းရှိမှာပါ "

ဝိမ်နင်နှစ်သာနှစ်သိမ့်လိုက်ရသည် သူကိုယ်တိုင်လည်း အစ်ကိုတစ်ဆီခအကြောင်းကြားစာချက်ချင်းပို့ရသည်

ထိုစဉ် ဦးရီးတော်တို့နှင့်လန်ရှီးချန်ရောက်လာသည်မို့

"ရေခဲတောင်သခင်ကြီးအား ဂါရပြုပါတယ် "

"နေသာသလိုနေပါပန်းသခင်လေး၂"

သို့ ပြောပီး အဆောင်တော်တွင်း ဝင်ရောက်သွားကြသည်

"ဦးရီးတော် ဝမ့်ကျီး သူ "

"အင်း...ခန္ဓာကိုယ်က ပိုလို့အေးစက်လာပါ့လား."

"အစ်ကိုတော်...ဝမ့်ကျီးငယ် "

"အင်း..."..ဆိုကာသာ လက်ကာပြပီး..နဖူးဆီသို့ နှင်းတေဇောဓာတ်ထုတ်လွှတ်ပို့သပေးနေသော ဦးရီးတော်၁ လန်ကျိချန်

ခနအကြာ... သုံးယောက်သား..စင်္ကြာပုံစံ လည်ပတ်ကြကာ...မှော်စွမ်းအားပို့လွှတ်ပေးကြရပြန်သည်...

ထိုသို့ကုသမှုကို အချိန်ကြာသည်ထိ ပြုလုပ်ပီးကြတော့ လန်ရှီးချန် ညီငယ့်လက်ကလေးကို ကိုင်ကြည့်လိုက်သည်

အနည်းငယ်သာနွေးလာသည်မို့....

"ဦးရီးတော်.."

သူ့ရဲ့စိုးရိမ်တကြီးခေါ်သံကို ဦးရီးတော်က လက်ကာပြကာ..

"နောက်သုံးရက်စောင့်ကြည့်ကြတာပေါ့..အခြေအနေထူးမလာရင်ရေခဲဂူကိုပြောင်းကြရမယ် "

ထိုသို့ ဦးရီးတော်ပြောသည်နှင့် အလန့်တကြားရှိသွားရသောလန်ရှီးချန်

"ဦးရီးတော် ဒါက "

မပူပါနဲ့ရှီးချန် အဆုံးသတ်ဆိုတာဘဝအစကိုပြန်ဖြစ်စေတယ်မလား

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now