မိုးစက်တွေက ဆွေးဆွေးမြေ့မြေ့တစ်စက်ချင်းရွာနေသည်။
ကျွန်မမှာဖြေစရာစကားမရှိ။

''ဆူယောင်းဘက်မှာရပ်တည်ဖို့ အရာရာစွန့်စားရဲတဲ့သူမျိုးဖြစ်ရင်ကောင်းမှာပဲ..ဟား..ဟား''

နာကျင်နေသလိုမျိုးသူကရယ်သည်။

''ဒါပေမယ့် အစ်မက ဆူယောင်းလောက်တောင်သတ္တိမရှိဘူးကွယ်။ အားလုံးကိုစွန့်လွှတ်ပြီး အချစ်ဆီခိုလုံဖို့မတတ်နိုင်ဘူး၊ ချည်နှောင်ထားသမျှကြိုးတွေကိုမဖြတ်နိုင်ဘူး၊ အားလုံးနဲ့ရင်းပြီးဆူယောင်းဘက်မှာလောင်းကြေးမထပ်နိုင်ဘူး။ တောင်းပန်ပါတယ်.. အစ်မက မင်းနဲ့ထိုက်တန်ရဲ့လားဆိုတာတောင်မသိတော့ဘူး''

အပြင်က မိုးညိုညိုတွေနဲ့အပြိုင်ငိုနေတဲ့ မျက်ဝန်းညိုတစ်စုံရှိသည်။

''ဂျူဟျွန်း...ဂျူဟျွန်း...မငိုပါနဲ့ ဒီမှာ ညီမကိုကြည့်''

ထိုအခါ မိုးပြိုနေတဲ့မျက်ဝန်းညိုတွေနဲ့ကျွန်မဆုံမိသည်။

''ညီမကို ယုံတယ်မဟုတ်လား၊ ဂျူဟျွန်းက ဒီနေရာမှာပဲရပ်စောင့်နေပေး ညီမက ကြိုးစားပြီးလှမ်းလာမှာမို့လို့၊ ညီမက အရာရာအားလုံး ဂျုဟျွန်းဆီမှာပုံအောပြီး လောင်းကြေးထပ်ထားတာ ကျွန်မမှာ ဂျူဟျွန်းကလွဲရင် ဘာမှမရှိတော့တာမို့လို့ ကျွန်မ ဂျူဟျွန်းကိုရအောင်ယူဖို့လာခဲ့မှာ။
ဂျူဟျွန်းက ဘာမှမတတ်နိုင်ဘူးဆိုတာမျိုး တွေးပြီးဝမ်းနည်းနေဖို့မလိုပါဘူး၊ ဂျူဟျွန်းက ကျွန်မကိုချစ်ပေးပြီး၊ ဒီနေရာမှာပဲစောင့်နေပေးပါ။ ဒါ ဂျူဟျွန်းတစ်ယောက်တည်းတတ်နိုင်မယ့်အရာပါ''

ကျွန်မ သူ့ပါးပြင်ပေါ်ကမျက်ရည်စလေးတွေသုတ်ပေးလိုက်တဲ့အခါ မျက်ဝန်းညိုညိုမှာတိမ်စတွေကင်းစင်သွား၏။

''အားလုံးထက် အစ်မက ဆူယောင်းကိုယုံတယ်''

အဲ့ဒီနောက် ကျွန်မနှုတ်ခမ်းတွေကိုသူနမ်းလိုက်သည်။
မက်မက်မောမော၊ ဆွေးဆွေးမြေ့မြေ့၊ အပြင်မှာမိုးစတွေဟာ ပိုသည်းထန်လာသလို။
စွတ်စွတ်စိုစိုအနမ်းများက နှုတ်ခမ်းဖျားမှပူပူနွေးနွေးစိမ့်ဝင်လာပြီး၊ ခန္ဓာကိုယ်နှစ်ခုတစ်သားတည်းဖြစ်တည်လာသည့်အထိအောင်။

We'll Meet AgainWhere stories live. Discover now