Chapter-3

148 20 8
                                    


[မပို့ဖြစ်ခဲ့သောစာ]

သို့/ချစ်ရသောရေ

အလွမ်းရဲ့အကွာအဝေးကိုဘာနဲ့တိုင်းတာသလဲသိလား။

အလွမ်းရဲ့အကွာအဝေးကိုအချစ်နဲ့တိုင်းတာရတယ်တဲ့။
ချစ်တဲ့ပမာဏကြီးမားရင်ကြီးမားသလောက် အလွမ်းရဲ့အကွာအဝေးကလည်းကြီးမားတယ်။
လူတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီးချစ်မိသွားကြတဲ့ အချစ်ရူးတွေ၊ အချစ်ကြောင့်ဘဝပျက်သွားကြတဲ့အရှုံးသမားတွေကိုအရင်ကတွေ့ဖူးပေမယ့် အစ်မ မယုံခဲ့ဘူး။
သူတို့တွေဟာ တစ်ပါးသူကြောင့်နဲ့ကိုယ့်ဘဝကိုယ်အပျက်စီးခံရလောက်တဲ့အထိတုံးအကြသလားလို့တွေးခဲ့တယ်။
ဒါပေမယ့် လက်ရှိမှာတော့ အစ်မဟာလည်း အဲ့ဒီအရူးအနှမ်းငတုံးငအတွေထဲကတစ်ယောက်ဖြစ်နေပြီထင်ပါရဲ့။

လူတစ်ယောက်ကိုချစ်နေတဲ့စိတ်နဲ့ရှင်သန်ရတဲ့ဘဝဟာ အရာရာသာယာစိုပြေပြီးပျော်စရာကောင်းသလောက်။
လွမ်းတဲ့စိတ်တွေနဲ့အားတင်းပြီးရပ်တည်နေရတဲ့ဘဝကတော့ သိပ်ခက်ခဲပင်ပန်းလွန်းပါလား ဆူယောင်းရယ်...။

အလွမ်းတွေဟာဘယ်တော့လောက်ရှည်ကြာဦးမှာလဲ?
ဘယ်တော့များမှအဆုံးသတ်မှာပါလဲ?

ဂျူဟျွန်း။
..........................

''လူသားနှစ်ယောက်ချစ်ကြတယ်ဆိုတာဟာ တစ်ဖက်လူကိုကိုယ့်ဘဝထဲဆွဲသွင်းလိုက်တာပဲ။
ဒါ့ကြောင့် အနည်းဆုံးတော့ကိုယ့်မှာ သူ့ကိုကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိရမယ် သူ့အပေါ်မှာအစစအရာရာတာဝန်ယူနိုင်တဲ့အင်အားရှိမှဖြစ်မယ်။
ဒါတွေမရှိပဲ ချစ်မိရင် အဲ့ဒီအချစ်ရေးဟာရေရှည်တည်မြဲမှာမဟုတ်သလို၊ တစ်ယောက်ကိုတစ်ယောက်အနာတရတွေဖြစ်စေပြီး စိတ်ဒဏ်ရာတွေရကြတာပဲအဖတ်တင်သွားပါလိမ့်မယ် တဲ့''

တစ်ခါကဂျူဟျွန်းပြောဖူးတဲ့စကားတွေလိုပါပဲ။
ငယ်ရွယ်သေးတဲ့ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက်တာဝန်ယူနိုင်တဲ့အင်အားမရှိခဲ့ကြလို့ဝေးကြရတာလည်းဖြစ်လိမ့်မယ်။

အချစ်ဆိုတာ ချစ်နေရုံနဲ့မရမှန်း အချိန်တွေကြာမှကျွန်မသဘောပေါက်လာတယ်။
နောက်ပြီး ဇာတ်လမ်းအစက ကျွန်မကိုမချစ်မိအောင်လို့ရှောင်ပြေးဖူးတဲ့ဂျူဟျွန်းကိုလည်းကျွန်မတဖြေးဖြေး နားလည်လာတယ်။
ကျွန်မကသာ ကိုယ့်ခံစားချက်ကိုကိုယ်ဘယ်လိုခေါင်းစဥ်တပ်လို့တပ်ရမှန်းတောင်မသိခဲ့ပဲ တဇွတ်ထိုးရှေ့ကိုတိုးမိခဲ့တဲ့သူပါ။
....

We'll Meet AgainWhere stories live. Discover now