"မက်သရူး ဘာလို့ အရှေ့ပြန်လှည့်သွားတာလဲ"
ကားထဲက လူရဲ့အော်သံကိုမက်သရူးတစ်ယောက် လစ်လျူရှုလိုက်၏
"မက်သရူး"
ထိုလူက ဇွဲမလျော့ဘဲ မက်သရူးရဲ့အရှေ့ကိုရောက်လာလေသည်
"ဘာပြောချင်လို့လဲ"
"မက်သရူးကလည်းကွာ အလုပ်သွားမလို့လား ကိုယ်လိုက်ပို့ပေးမယ်"
"ဆောင်းဟန်ဘင်းshiမှာ ကျွန်တော့်ကိုလိုက်ပို့်ဖို့ အချိန်ကောရှိရဲ့လား ဟုတ်မှလည်းလုပ်ပါဗျ"
မက်သရူးရဲ့ စကားတို့ကြောင့်ဟန်ဘင်းရင်ထဲ
ဘယ်လိုခေါင်းစဉ်တပ်ရမလဲမသိတဲ့ ခံစားချက်တွေဝင်ရောက်လာလေသည် ဟုတ်တာပေါ့ ဟန်ဘင်းက မက်သရူးကိုဘယ်တုန်းက အချိန်တွေပေးခဲ့ဖူးလို့လဲ"အရင်ကမရှိခဲ့ပေမဲ့ အခုရှိလာပြီလေ တက်ပါ ကိုယ်လိုက်ပို့ပေးမယ်"
"မလိုပါဘူး ရှေ့မှာဆို bus stop ရောက်ပြီ
အဲ့တော့ သွားခွင့်ပြုပါဦး ဆောင်းဟန်ဘင်းshiကြောင့် ကျွန်တော်အလုပ်မနောက်ကျချင်ဘူး""ဟုတ်တာပေါ့ သွားပါ ကိုယ်နှောင့်ယှက်သလိုဖြစ်မိပြီ"
ဟန်ဘင်းကအခု မက်သရူးကိုအလျော့ပေးလိုက်တာလား ဆောင်းဟန်ဘင်းမင်းတော်တော်ပြောင်းလဲသွားတာပဲ ဒါတွေအားလုံးက အချစ်ဆိုတဲ့အရာကြောင့်ပဲမဟုတ်လား
မက်သရူးကို အရင်လိုမဟုတ်ပဲ ပုံစံတစ်မျိုးနဲ့ဆက်ဆံလာတဲ့ hyung ကိုမက်သရူးအရမ်းကို အံဩမိနေတယ် hyung ကမက်သရူးသိခဲ့တဲ့ hyung မဟုတ်တော့ဘူး ဇွတ်တထိုးလည်းမလုပ်လာတော့သလို မက်သရူးကိုလည်းအလျှော့ပေးနေပြန်သည်
တကယ့်ကိုhyungက မက်သရူးအပေါ်ဘာတွေခံစားရအောင်လုပ်ချင်သေးပြန်တာလဲ အချိုတွေပေးပြီး ခါးသီးလွန်းတဲ့အရာတွေ ပြန်ပေးချင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကျွန်တော့်ကို အရူးမလုပ်ပါနဲ့ hyung ရယ်။
~
"ဂျီဝန်း hyung"
"အင်း ရစ်ကီပြောလေ"
"ဒီတလောအတွင်းအဆင်ပြေရဲ့လား hyung"
"hyung လား.....မပြေချင်လည်းပြေအောင်နေရမှာပဲလေ မဟုတ်ဘူးလား အဟား"
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{8}
Start from the beginning