"ဘာဖြစ်လို့မာ‌ကျောတဲ့ပုံစံမျိုးကိုအတင်းလုပ်ယူနေတာလဲ အန်တီ .. အရှိအတိုင်းပဲနေလိုက်လို့မရဘူးလား .. အန်တီပင်ပန်းမှာစိုးလို့"

"ဖက်"

ဒီတစ်ခါပျို့ပါးကိုသူမရိုက်လိုက်တာကဒေါသမပါ။အားမပါ။ညင်ညင်သာသာနဲ့နူးနူးညံ့ညံ့လေးပါပဲ။

"ဆရာလာလုပ်မနေနဲ့ .. ဖယ်တော့ မင်းတို့ကို
အသားယူနေတာမသိဘူးများမှတ်နေလား"

သူမကပျို့ကိုတွန်းဖယ်လိုက်ပြီးသူမအဝတ်တွေကိုခါနေတော့၏။ဒီလိုကျတော့လည်းချစ်စရာလေးပါလား။

လမ်းလျှောက်လာရင်းနဲ့အိမ်ကြီးရှင်ကစကားနဲနဲ
ဆိုလေတယ်။

"ပျို .. တို့တစ်ကယ်တော့မြွေကြောက်တယ်"တဲ့။

— —  — —

‌ဒီလိုအေးစိမ့်စိမ့်ဖြစ်နေတဲ့အချိန်မျိုးမှာကော်ဖီပူပူ
လေးကိုသောက်ရတာသိပ်ကိုအရသာရှိတာပဲ။

ကျွန်မခေါင်းကဆံပင်တွေကိုသေချာဖြီးချလိုက်ပြီးမှန်ထဲမှာမြင်နေရတဲ့ကျူးရင့်ခြယ်ဆိုတဲ့မိန်းမကိုခပ်ထွေထွေပဲစိုက်ကြည့်လိုက်ပါတယ်။

ပြီးတော့အခန်းထောင့်နံရံထဲကနေသူထွက်လာ
ပြန်တယ်။ကျွန်မရဲ့သေးမြှောင်တဲ့ပုခုံးရိုးလေးများကိုသူလက်ကြီးနဲ့ညှစ်လာတယ်။

သူ့လက်တွေကအလိုအလျောက်ပဲကျွန်ခန္ဓာကိုယ်အနှံ့ကိုပွတ်သပ်နေတော့တယ်။ကျွန်မကတော့ခေါင်းကဆံပင်တွေကိုသာဆက်ဖြီးနေခဲ့တယ်။

"ကျူး .. မောင်မောင့်ကိုငြိနေပြီလား"

"ကျွန်မ .. မောင်မောင့်ကိုမငြိနိုင်စရာ
အကြောင်းရှိလို့လား"

မှန်ထဲကနေပဲသူ့မျက်နှာကိုကျွန်မကြည့်လိုက်ပြီး

"မောင်မောင်က ငယ်ရွယ်တယ် .. အတန်အသင့်
စီးပွားရေးလည်းရှိတယ် ပြီးတော့ရုပ်ရည်လည်း
ရှိတယ် ပညာလည်းတတ်တယ် .. ရှင်သိလား
ကျွန်မသာရှင့်လိုအဖိုးကြီးနဲ့မယူခဲ့ဘူးဆိုရင် ..
ကျွန်မအနားမှာမောင်မောင့်လိုလူတွေအများကြီး
ဝိုင်းနေမှာ .. ကျွန်မစိတ်ချမ်းသာရမယ်လေ"

"ဆေးခါး" [ completed ]Where stories live. Discover now