Ji Woong က နှစ်ရှည်လများ ခံစားခဲ့ရတဲ့ ခံစားချက်တို့ကို ကလေးတစ်ယောက်လိုငိုရင်း အော်ဟစ်လို့ပြောတယ်။ ချုပ်ထားတဲ့ gyu vin နဲ့ gun wook တို့ကလည်း လွှတ်ပဲပေးရမလား ၊ မျက်ရည်တွေပဲ သုတ်ပေးရမလား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့သာ အီလည်လည်ဖြင့်
" အဖေ အဖေ တောင်းပန်ပါတယ်သားကြီးရယ် အဖေအမှားတွေကြီးပဲမို့ အဖေတောင်းပန်ပါတယ် ...ပြီးတော့ သခင်လေးရယ် ဦးလေး အမှုထဲ သားကြီးနဲ့သားငယ်ကို ဆွဲမထည့်ပါနဲ့ ဦးလေးကိုပဲ အပစ်ပေးလိုက်ပါ ဦးလေးခံပါ့မယ် "
Kim won က Ricky ဘက် လှည့်ကာ တောင်းပန်တိုလျှိးပြောနေပေမယ့် Ricky က ဘယ်သူ့စကားမှ နားထဲဝင်မည့်ပုံမပေါ်ချေ။ မျက်လုံးတွေက ကလေးတစ်ယောက်လို ငိုနေတဲ့ ji woong ဆီဠ်သာ အကြည့်များ တည်ရှိနေပြီး စိတ်အစုံကလည်း Ji Woong၏မျက်ဪည်များဆီ၌သာ ။ Rickyလက်သီး တစ်ဖက်ဆုပ်ကိုင်ရင်း အံကြိတ်လိုက်မိတယ်။
*ဘာလို့ မင်းမျက်ရည်တြွေမင်ရတာကိုယ့် ရင်ထဲပူလောင်နေရတာလည်း Kim ji woong , ဒဏ်ရာ တြွေပည့်နေတဲ့ မင်းဘဝကို ခြိမ်းခြောက်သလို ဖြစ်ခဲ့မိရင် ...*
"gyuvin နဲ့ gun wook သူ့ကို ငါ့အခန်းထဲ သွားထည့်ထားလိုက်"
Ricky shen က အေးဆေးတည်ငြိမ်တဲ့ အသံနဲ့ အမိန့်ပေးတယ် ။
"ဟုတ်ကဲ့ သခင်လေး "
"မလိုက်ဘူး လွှတ် !! Ricky shen မင်းကို မုန်းတယ် ! ငါ့ကို လွှတ်ပေး !"
Ricky က ထိုစကားများကို အံကြိတ်လို့ မျက်စိမှိတ်ရင်း နားတွင်းသို့ မဝင်အောင် တားဆီးတယ် ။
"ခေါင်းမူးနေတာလား သား "
ဖခင်ဖြစ်သူက Ricky အနားသို့လာကာ မေးတယ်။ ဒီချိန်မှာ ခေါင်းထဲ ရီဝေနေတာထက် သူ့လုပ်ခဲ့တဲ့ လုပ်ရက်တွေက မှားနေခဲ့ပြီလားဆိုတာကို ji woong ရဲ့ မျက်ရည်စတို့မြင်ပြီး ပထမဆုံး အကြိမ် ကိုယ့်လုပ်ရက်ကိုယ် ပြန်စမ်းစစ်မိနေတာဆို ပိုမှန်လိမ့်မယ် ။
" Dadသွားနားတော့ ကျတော် အဆင်ပြေတယ် ။ ဦးလေး Kim won စကား ခဏပြောရအောင် "
Ricky က ထိုမျှသာ ပြောပြီး အလုပ်ရုံးခန်းထဲ ဝင်သွားတယ်။ သခင်ကြီး က Kim won ကို ခေါင်းငြိမ့်ပြပြီး ကျောအားပုပ်ပေးလေတယ်။ ထိုနောက် Kim won လည်း ထို ရုံးခန်းတွင်းသို့ ဝင်သွားလေမှ သခင်ကြီးက အိမ်တော် ပေါ်ထပ်သို့ တက်သွားတယ်။
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 3
Start from the beginning
