အပိုင်း(၁၁)

Start from the beginning
                                    

မူးသံပါပါနှင့် မေးလိုက်ပေမယ့် စွမ်း အနေရခက်မိတာ အမှန်။

"မိန်းကလေးတစ်ယောက်တည်း ဒီလို မူးနေတာ အမြင်မတော်လို့ လာကြည့်တာ... မင်းအပေါ် ဘာစိတ်မှ မရှိဘူး...."

မူးနေတဲ့သူကို ‌ရှင်းပြလည်း အရာရောက်မည်မထင်။ စွမ်း သက်ပြင်းချလျက် အိမ်ပြန်ဖို့ကိုသာ ဖြောင့်ဖျဖို့ ကြိုးစားလိုက်သည်။

ကျူး မရှိတော့သည့် ဘီယာအား မကျေနပ်သလို ကြည့်၍ ထပ်မှာချင်သည့်ပုံပင်။

"ဘီယာ ထပ်မှာလိုက်ဦးမယ်..."

"ဟေ့.... မမှာနဲ့တော့... အခုတောင် တော်တော်မူးနေပြီ"

"ကျူး သောက်ချင်သေးတယ်... ဪ တွေ့ပြီ"

ဘေးက နေမျိုး ဆေးခပ်ထားသည့် ခွက်ကိုတွေ့တော့ ဝမ်းသာအားရ သောက်ဖို့ ကိုင်လိုက်စဉ် စွမ်းကပါ လျင်မြန်စွာ ကျူးလက်ပေါ်မှ သူ့လက်ကို ဖိထားလျက်....

"တော်တော့‌လို့ ကျူး....."

"‌မတော်နိုင်ပါဘူး...."

အဝေးက လှမ်းကြည့်နေတဲ့ နေမျိုးက သူကိုယ်တိုင်ဆေးခပ်ထားသည့် ခွက်ကို ကိုင်နေတာ တွေ့တော့ ကျေနပ်မှုများစွာဖြင့် ပြုံးမိသည်။

"ဟင်း.... တစ်ခါတည်း ဒီကောင့်ကိုပါ ရှင်းပစ်ရရင် ကောင်းမယ်.... နှောင်းက ဒီကောင့်ကိုဆို သဲသဲလှုပ်... ဟင်း ဟင်း... တွေ့ကြသေးတာပေါ့....."

နေမျိုး တစ်ချက်ပြုံးကာ ခြေချိတ်ပြီး စောင့်ကြည့်နေလိုက်သေးသည်။

စွမ်းက ကျူးသောက်မည့်ခွက်ကို အတင်းဆွဲယူတော့ ကျူးကပါ ပြန်လုလျက် ဘီယာခွက်ပါ ကြမ်းပြင်သို့ ကွဲကျသွားသည်။

"ကွဲသွားပြီ.... ရှင့်ကြောင့်.... ရှင့်ကြောင့်"

စွမ်း ပိုက်ဆံ အမြန်ရှင်းပြီး၍ အိမ်ပြန်ရန် ကျူးအား အတင်းဆွဲထူလိုက်သည်။ မပြန်ချင်သေးပေမယ့် စွမ်းကို အားပြုပြီး သူမ ခန္ဓာကိုယ်လေး တရွတ်တိုက် ပါလာခဲ့သည်။

ဆေးခတ်ထားသည့်ခွက် ကွဲသွားတော့ နေမျိုး ဒေါသထွက်လျက် အိတ်ကပ်ထဲမှ ဖုန်းယူကာ စွမ်းနှင့် ကျူးတို့၏ ပုံရိပ်တွေကို မသိမသာ လှမ်းရိုက်ထားပြန်သည်။

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now