အခန်း ၆၇

Start from the beginning
                                    

ရွှီဟောင်က လျိုဝေရဲ့ လက်ကို အနောက်ကနေ ဆွဲလိုက်ပြီး "မင်းဘာတွေ ​ပျောက်သွားတာလဲ ရှင်းရှင်းလင်းလင်းပြော၊ ငါတို့ လေးယောက်က တစ်နေကုန် အတူတူ နေနေတာ!"

"မဖြစ်နိုင်ဘူး!" လျို​ဝေ၏ မျက်လုံးများ ပြူးကျယ်သွားကာ သွေးထွက်မတတ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဖုရိကျယ်ကို စိုက်ကြည့်ကာ "နေ့လည်စာသွားစားတဲ့ အချိန်က ရှိသေးတယ်၊ ဒါပေမယ့် ငါ စာကြည့်တိုက်က ပြန်လာတော့ ပျောက်သွား​ပြီ ! တစ်ယောက်​ယောက်က ယူသွားတာပဲ! ဖုရိကျယ် မင်း ပဲ! မင်းပဲ ဖောက်ပြန်တဲ့ကောင်! ဂေးကောင်! ငမိုက်သား...."

လျိုဝေ  အော်သံမဆုံးခင် ဖုရိကျယ်က လက်ကို မြှောက်ကာ သူ့မျက်နှာကို ရိုက်ချလိုက်သည်။ သူ မတုံ့ပြန်နိုင်ပဲ  မြေပြင်ပေါ်ကို လဲကျသွားပြီး ဖုရိကျယ်က  သူ့ကော်လာကို ဆွဲကာ နံရံပေါ် ဖိလိုက်သည်။

အခန်းထဲရှိ လူအားလုံး တိတ်ဆိတ်သွားသည်၊ လျို​ဝေ ၏ မျက်နှာသည် နီမြန်းနေပြီး နှုတ်ခမ်းများ တုန်ခါကာ ဖုရိကျယ်၏ လက်ကောက်ဝတ်ကို ဆွဲထုတ်လိုက်ချင်​နေသည်။

"မင်းပြောတာကို သတိထားပြော" ဖုရိကျယ်ရဲ့ အသံက မမြင့်ပေမယ့် သူက စကားလုံးတိုင်းကို ရှင်းရှင်း လင်းလင်းနဲ့ အေးဆေးတည်ငြိမ်စွာပြောနေသည်၊ "မင်းငါ့ကို တစ်ခုခုအထင်မှားနေတယ်ဆိုလဲ ပြောလိုက်။ ဒီလို ပေါက်ပန်းဆေး ဆဲဆိုတာလောက်နဲ့ လူတွေက မင်းကို ဉာဏ်ကောင်းတယ်လို့ ထင်မှာ မဟုတ်ဘူး။ အခုလိုပျောက်သွားတာတောင် ဘာကို အာရုံစိုက်ရမှန်း မသိသေးဘူးလား။"

"မင်းရဲ့ လော့ဒ်ကာကိုဖွင့်!" လျိုဝေက  ရုန်းကန်ပြီး "မင်းရဲ့လောဒ့်ကာကို ငါ​ကြည့်ချင်တယ်!"

"ဘာလို့လဲ" ဖုရိကျယ်က သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် သူ့လက်ကို လွှတ်လိုက်သဖြင့် လျိုဝေ  ခြေလှမ်းအနည်းငယ်လှမ်းကာ လဲကျသွားပြီး သူ့ဘေးက ကုတင်ဘောင်ကို မှီလိုက်သည်။

ဖုရိကျယ်က လောဒ်ကာ နံဘေးသို့ လှမ်းကြည့်လိုက်ရာ တစ်ခုခုကြောင့်  လောဒ်ကာသော့မှာ ပျက်နေပြီး အပေါက်ငယ်တစ်ခုကိုပါ တွေ့လိုက်ရသည်။  အဆောင်ရှိ လောဒ်ကာ အားလုံးသည် သံနဲ့​ပြုလုပ်ထားတာဖြစ်ပြီး ဖုရိကျယ်ရဲ့ သော့ကို ဖုခွင်းက  အထူးဝယ်ထား​ပေးပြီး အစားထိုးဖွင့်ရန် မလွယ်ကူပေ။ လျိုဝေက ဒီအပေါက်ကို ဖောက်ထွင်းဖို့ ဘယ်အရာကို အသုံးပြုခဲ့သည်မသိ။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now