အခန်း ၆၇

Start from the beginning
                                    

ဖုရိကျယ် ကိုယ့်မျက်နှာကို ထိလိုက်​ပြီး ။ ဟုတ်လား ။

ဟော့ပေါ့စားပြီးနောက် သူတို့လေးယောက် အိပ်ဆောင်သို့ ပြန်သွားကာ အိပ်ဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ထိတ်လန့်သွားကြသည်။

လျိုဝေက  အိပ်ဆောင်အလယ်တွင် မျက်နှာ အမူအရာပျက်ပျက်ယွင်းယွင်းဖြင့် ရပ်နေသည်။ ကြမ်းပြင်ပေါ်တွင် စာအုပ်များနှင့် မှတ်စုစာအုပ်များစွာ ပြန့်ကျဲနေပြီး ကုတင်တွေလည်း ဇောက်ထိုးမိုးမျှော် ဖြစ်နေသည်။

"ဘယ်လိုဖြစ်တာလဲ!" ရွှီဟောင်က "သူခိုးဝင်လာလား?"

လျိုဝေက  ခေါင်းကို မော့လိုက်ပြီး ပြန့်ကျဲနေတဲ့ မျက်လုံးတွေနဲ့ သူတို့ကို စိုက်ကြည့်ရင်း "မသိဘူး၊ ငါ့ပစ္စည်း တစ်ခု ပျောက်နေတယ်"

"တွေ့ပြီလား" ကျန်းဆုန်းက  ကျော်သွားကာ သူ့ပုဝါကို ကောက်ကိုင်လိုက်ပြီး ခါလိုက်သည် ။ပုဝါက ​​ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်ခဲ့ရသဖြင့် မီးခိုးရောင် အမှတ်အသားကြီးတစ်ခု ရှိနေသည် ။ သူ ပုဝါကို ပုတ်လိုက်ပြီး " မင်းတွေ့​ပြီလား ငါတို့အိပ်ရာပေါ်မှာလား?"

"ဘာတွေပျောက်သွားတာလဲ" ဝူဖျင်ရှန်းက သူ့ကိုမေးလိုက်ပြီး အိပ်ဆောင်တစ်ခုလုံး ရှုပ်ပွနေသဖြင့် "ဒီလောက် ရှုပ်ပွနေတာ မင်းရှာတဲ့ပစ္စည်းရော တွေ့​ပြီလား?"

"ဖုရိကျယ်" လျိုဝေက  သူ့အပေါ်ထပ်အိပ်ရာကို စစ်ဆေးရန် လှေခါးပေါ်တက်နေသော ဖုရိကျယ်ကို ရုတ်တရက်ကြည့်လိုက်ပြီး "မင်းလုပ်လိုက်တာမို့လား။"

"ငါ ဘာလုပ်လိုက်လို့လဲ" ဖုရိကျယ်က လှည့်ပြီး နားမလည်နိုင်သလို မေးလိုက်သည်။

"ဆင်းလာ!" လျိုဝေက  ရုတ်​တရက်​​ပြေးလာပြီး  ဖုရိကျယ်၏ အဝတ်​အစားများကို ဆွဲလိုက်​သည်​။

ဒီလုပ်ရပ်က လူတော်တော်များများကို ထိတ်လန့်စေခဲ့ပြီး ကျန်းဆုန်းက  ပြေးဝင်ကာ သူ့ကို တွန်းထုတ်လိုက်ပြီး "မင်း လခွမ်းလို စွပ်စွဲနေတာလား၊ မင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချင်နေရင် လာခဲ့ ငါမင်းကို အဖော်လုပ်ပေးမယ်!"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now