"အေးပါ အေးပါကွာ စတာ အတော့ မင်း စဉ်းစားကြည့်ကွာ သခင်လေးစိတ် တစ်ခုခု ထူးဆန်းမနေဘူးလား?"

"ဘယ်လိုမျိုးလဲ ?"

"ဒီလိုမျိုးကွာ ကိုရီးယားမှာရှိတဲ့ သားကို အပိုင်သိမ်းဖို့တွက် အပစ်ရှိရှိမရှိရှိ ယောက်ခမဖြစ်သူကို နိုင်ငံခြား အတင်းပို့ချင်တဲ့ သမက်နဲ့ တူနေလို့ ဟမ့်! "

"ဟမ် !! Hyung လူလိုပြောလို့ရမလား ရှုပ်နေတာပဲ "

Gyu vinကသူ့အတွေး နဲ့သူတွေးကာ မေးစိအား လက်နဲ့ပွတ်လို့ အထာက ဆရာကြီးအထာနဲ့လုပ်နေစဉ် gun wookထပြောလိုက်တဲ့စကားကြောင့် နင်သွားရတော့တယ် ။

*ခု ငါက လူလိုပြောနေတာ မဟုတ်ဘူးလား *

Gyuvin က gun wook ခေါင်းကို အားပါးပါးနဲ့တီးချလိုက်ကာ ...

"အင်းးးးလူကောင်ကြီး ကြီးပြီး တုံးချင်အုန်း တော်ပြီ မင်းကိုပြောရတာ အာညောင်းတယ် သွား လုပ်စရာရှိတာသွားလုပ်‌တော့ "

Gun wook ကို ပြောချင်ရာ ပြောပြီး အရင်ဆုံး ထွက်သွားတဲ့ Gyu vin ကို gun wook က အရိုက်ခံလိုက်ရတဲ့ ခေါင်းလေးအား ပွတ်ရင်း စဉ်းစားရင်း အူကြောင်ကြောင်ကျန်နေခဲ့တယ် ။

*ကိုရီးယားမှာရှိတဲ့သားကို သိမ်းဖို့ ယောက်ခမ ကိုနိုင်ငံခြားပို့တဲ့ သမက် ! ဟာကွားးးဘာတွေပြောသွားမှန်းမသိဘူး ...*

Gun wook လည်း သူ့ခေါင်းသူ ပွတ်သပ်ပစ်ကာ ရုံခန်းရှေ့က ထွက်သွားလေတော့တယ်။ ရုံးခန်းသာ အသံမလုံရင် သူတို့ပြောနေသည်များကို ရုံးခန်းထဲက ကိုယ့်နှုတ်ခမ်း ကိုကိုင်ကာ နှုတ်ခမ်း တစ်ဖက်တွန့်ရုံ ပြုံးနေတဲ့ သူတစ်ယောက် အတိုင်းသား ကြားရမှာ ဧကန်မလွဲ။

√√√√√

မနက်ခင်းတစ်ခု ....

အချိန်ရယ် တစ်နေ့နဲ့ တစ်နေ့ သိပ်တိုတောင်းလွန်းစွာ ကုန်ဆုံး သွားရပြန်တယ် ။ Mister Ricky shen ကတော့ စောစွာ ထတတ်သူ ပီပြင်စွာ နာရီချိန် 7:00အတိက သူ့တွက် အပြီးစီး ဖြစ်နေပြီဖြစ်သည်။ suit အနက်ရောင် tieအနက်ရောင် အရှည်ဖြင့် ဘောင်းဘီမှာ အနက်ရောက် ဖြစ်ပြီး all black နှင့် Mister Ricky shen က 6'ရှိတဲ့ အရပ်ကြီးဖြင့် လွန်စွာ ကြည့်ကောင်းလို့နေသည်။ လှေကားပေါ်က ဆင်းလာတဲ့ ဖိနပ်ရဲ့အသံကပင် လှေကားရင်း၌ တန်းစီကာ ရပ်နေကြသည့် အိမ်စေများအား ‌ကြောက် လန့်စေသည်။ Mister Ricky shen ကထိုသူတို့ကို ကျော်လွန်ရဲ့ ထမင်းစားဝိုင်းသို့ ဦးတည်သွားလေတယ်။

... Don't cry...❌ Stopping ❌Where stories live. Discover now