" ကျတော် ဘာမှမဖြစ်ပါဘူး ဒေါ်လေး မနက်က ရေချိုးတာကြာသွားတော့ နည်းနည်း ဖျားချင်သလို ဖြစ်နေလို့ "

"ဆောင်း အကူးရောက်တော့မှာမို့  အစစအရာရာ ဂရုစိုက်ရမယ်မလား ? အာရီးဂူးးးနေဦး အဒေါ်ဆေးယူပေးမယ် "

ပါးစပ်ထဲ တွေ့မိတွေ့ရာလျှေုာက်ပြောလိုက်ခြင်းက အဒေါ်ဖြစ်သူအားအလုပ်ရှုပ်ပူပန်စေသွားမိတဲ့တွက် Ji Woong က သူ့ခေါင်းလေးအားမျက်နှာလေး မဲ့လို့ လက်နဲ့ အသာ ရိုက်မိတယ်။ ခဏ‌အကြာ ဖန်ခွက်အကြည်ထဲကရေအချို့နဲ့ ဆေးကဒ်လေး တစ်ကဒ်ကိုင်လို့အနားရောက်လာသော Kim sung...

" ရော့ ဒီဆေးလေး သောက်လိုက် ခေါင်းမူးနေတာလား ? မှန်းစမ်း !!"

နဖူးပေါ် လက်တင်လို့ စမ်းသပ်ကြည့်လာပြန်တဲ့ အဒေါ်ဖြစ်သူကြောင့် ji woong ကထပ်ဆင့်အားနာသလို မျက်နှာလေးဖြင့် ။ ခေါင်းထဲ နောက်ကျိကျီဖြစ်နေတာမို့ မထူးစွာ ဆေးအားယူသောက်လိုက်တယ်။

*အမှန်တိုင်းမပြောပဲ စိတ် ပူအောင်လုပ်မိတာ တွက် တောင်းပန်ပါတယ် ဒေါ်လေး *

"ကိုယ်တာ့မပူဘူး ပဲ ဖျားဖို့ အစချီတာ နေမှာ ။ အဲ ဒါနဲ့ နှုတ်ခမ်းက‌ပေါက်နေတယ် ။ အပူကန်တာလား ?"

ဒေါ်လေးဖြစ်သူရဲ့စကားကြာင့် ji woong မျက်လုံးများ ပြူးကျယ်သွားကာ နှုတ်ခမ်းအား လက်ဖြင့် ပိတ်လိုက်မိတယ် ။

*ဒါ ဟိုလူ့လက်ချက် !!*

"မ... မဟုတ်ပါဘူး ဒေါ်လေးရ ဂွန်ဂွန်း.. ဂွန်ဂွန်း မနက်က ကိုက်လိုက်တာ အပူကန်တာမဟုတ်ပါဘူး "

"ကဲ ဒီကလေး ခွေးက ပါးစပ်ထိ ကိုက်ခံထိအောင်ဘယ်လိုတွေ များဆော့နေတာတုန်း "

"သွား ...သွားစမိတာ အတာတွေမမေးနေပါနဲ့တော့ ဒေါ်လေးရယ် ကျတော်ပန်းစည်း လက်စသတ်ဦးမယ် "

"အေအေ အဆင်ပြေရင် ပြီးရော ဘယ်နှဲ့ နှုတ်ခမ်းကိုမှ ဂွန်ဂွန်း ကိုက်တာခံရတယ်လို့ အံ့ဩပ့ အေ..."

ဒေါ်လေး အနားကထွက်သွားမှ မျက်စိစုံမှိတ် လို့ လေပူများ အဝေးသို့ မှုတ်ထုတ်လိုက်မိတယ် ။ နီမြန်းသွားခဲ့တဲ့ နားရွက်ဖျားလေးတွေကအရောင်မပျယ်သေး ။ နှုတ်ခမ်းကို လက်နဲ့ အသာ ကိုင်ကြည့်မိတော့ မနက်ကပုံရိပ်ကြီးက ဘွားခနဲပြန်‌ပေါ်လာလေတယ်။ စားပွဲခုံပေါ် မျက်နှာမှောပ်ချလို့ ခြေထောက်နှစ်ဖက်အား ခုန်ပေါက် မိနေတော့တယ်။

... Don't cry...❌ Stopping ❌Where stories live. Discover now