" အစ်ကိုကြီးက အိမ်မှာမွေးချင်နေတာ စားချင်တာ မဟုတ်ဘူး..."

ကားမောင်းနေသည့် ဦးလေးချိုးက ရယ်လိုက်သည်။

" ဒါက စားဖိုမွေးထားတဲ့ ငှက်တစ်မျိုးပဲ အိမ်မှာ အလှမွေးလို့မရဘူး... သားတို့ကြိုက်ရင် နောက်ဆို တို့အိမ်မှာ လာကြည့်လေ... ပြီးမှ ကြိုက်တဲ့တစ်ကောင် အိမ်ယူသွားပြီး သတ်စားလိုက်ပေါ့..."

ယီဟွေ့က သူပြောသည်ကို တုံ့ပြန်သည့်သဘောဖြင့် ပြုံးပြလိုက်သည်။ သူက မွေးဖွားလာစဉ်တည်းကညအိမ်ကြီးအိမ်ကောင်းတွင် နေထိုင်ခဲ့ရပြီး  အစစအရာရာ ပြုလုပ်ပေးသော အိမ်တော်ကလည်း သူ့အနားတွင် အမြဲရှိနေခဲ့ခြင်းဖြစ်သည်။  ထရပ်ကားကို သူ မစီးဖူးသကဲ့သို့ ခြံထဲတွင် ပြေးလွှားနေသည့် ငန်းကိုလည်း မမြင်ဖူးသည့်အပြင် အိမ်နီးချင်းများနှင့် ဤမျှ အဆင်ပြေပြေ နေနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

စားစရာအိတ်အကြီးကြီးတစ်အိတ်ပါလာသဖြင့် ၁၂နာရီနီးပါးကြာမြင့်မည့် ရထားခရီးစဉ်တွင် မိသားစုသုံးယောက်က ရေသန့်ဝယ်ရန် ငွေအနည်းငယ်သာ ကုန်ခဲ့သည်။

ရံဖန်ရံခါတွင် လေယာဉ်ဖြင့် ခရီးသွားလာလေ့ရှိသောယီဟွေ့မှာ ခရီးရှည်ရထားကို ပထမဆုံးအကြိမ်စီးဖူးခြင်းဖြစ်သည်။ သူ့လက်တစ်ဖက်တွင် ကြက်ဥပြုတ်ရှိပြီး အခြားတစ်ဖက်တွင် ဝက်လက်ရှိသော်လည်း ၎င်းတို့ကို မြည်းကြည့်ရန် အချိန်မရပေ။ သူ ပြတင်းပေါက်အပြင်ဘက်ကိုသာ စိတ်ဝင်တစားကြည့်နေသည်။ ရွှေရောင်ဂျုံခင်းများစွာနှင့် အိမ်ပုကလေးများကို ကျော်ဖြတ်လာချိန်တွင် မိူကုပ်စက်ဝိုင်း‌တွင် နေဝင်နေသည့်မြင်ကွင်းက မကြည့်ပဲ မနေနိုင်အောင် လှပလွန်းသည်။

ကျန်းယီမန့်က သူမဝေစုကို စားပြီးချိန်တွင် ယီဟွေ့လက်ထဲမှ ဝက်လက်ကို စားချင်နေသည်။ ယီဟွေ့ သူမကို ပေးလိုက်သည့်အခါ အားပါးတရဝါးနေပြီး မေးလိုက်သည်။

" ဘာတွေများကြည့်ကောင်းနေလို့ အဲ့လောက်တောင် ကြည့်နေတာလဲ အစ်ကိုကြီး အဲ့လောက် ခေါင်းစောင်းနေရင် အုံးလွဲသွားလိမ့်မယ်..."

ယီဟွေ့က သူမကို ပြုံးပြပြီး အဆင်ပြေကြောင်း ပြောလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ဆက်ကြည့်နေသည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now