တည်ကြည့်ခန့်ညားတဲ့ ရုပ်သ‌ွင် ။ ထူထဲနေသော မျက်ခုံး တန်း များနှင့် မျက်ဝန်းနက်နက်တွေ အောက် ဖြောင့်တန်းနေသောနှာတံတို့ဖြင့် Mister Ricky က အလွန်ပင်ကြည့်ကောင်းတဲ့အမျိုးသားတစ်ဦး ဖြစ်သည်အား တစ်ဆက်တည်း အလွန် ‌ကြောက်စရာကောင်းသည့် စည်ကမ်း အရမ်းကြီးပြီး ဒေါသကြီးတဲ့ သူတစ်ဦးပင်ဖြစ်ချေသည်။

" Gun wook !!! "

"ရှိပါတယ် သခင်လေး "

"ဒီလူ့ ကို ငါ့မျက်စိရှေ့ကနေ ခေါ်ထုတ်သွား ခုချက်ချင်း !"

"ကောင်းပါပြီ သခင်လေး "

Gun wook ဆိုတာ အိမ်ဖြူတော်ကြီးရဲ့သက်တော်‌စောင့် Ricky၏ ညာလက်ရုံး တစ်ယောက်ဖြစ်သည် ။ gun wook က ခြေက ဒူးထောက်လျက် ရှိနေတဲ့သူအား ဆွဲထူလို့ အိမ်ထဲကနေ ဆွဲထုတ်သွားတယ် ။ ထိုသူက အသက် ငါးဆယ်ကျော် နီးပါးရှိသည့် အမျိုးသားကြီးတစ်ဦး နာမည်က Kim won yaung ။ တစ်ခြား Company တစ်ခုအား လက်လွဲ ၍ ‌ယုံကြည်စွာ ငွေသွားပို့ဆောင်ခိုင်းရာမှာ ငွေထုတ်က တစ်ခြား Company သို့ မရောက်ပဲ လမ်းတစ်ဝက်တွင် ပျောက်ခဲ့ခြင်းဟူသောစကားနှင့် အိမ်တော်သို့ပြန်ရောက်လာခဲ့ခြင်း ။

ဒီလောက်များတဲ့ငွေ ပျောက်တယ်ပြောတိုင်း ယုံရအောင် Mister Ricky shen တို့က တုံးအနေတဲ့သူ မဟုတ်ဘူး! ဖခင်ဆီ၌ လုပ်လာတာ နှစ်ကြာပြီမို့ ယုံကြည်စွာ ခိုင်းမိသည်မှာ တပ်တပ်ဆင်အောင် လွဲ ခဲ့သည်။ ပျောက်သွားသည့် ငွေပမာဏက သိန်း 5200။ ငွေကြေးက အဓိကမဟုတ်ပေမယ့် ဒီလူကိုမယုံတာမို့ မရ ရတဲ့နည်းနဲ့ စစ်မေးမည် ။ မဟုတ်လျှင် ဒီလို အကျင့်ပျက်ပြားနေတဲ့သူမျိုးShen အိမ်ဖြူတော်ကြီးမှာ အလိုမရှိ!!

" Gyu vin!! အလူရဲ့ မိသားစု နောက်ခံ အကုန်စုံစမ်းခဲ့ ဒီညသိချင်တယ် တစ်ခုမကျန်"

" စိတ်ချပါ သခင်လေး "

Gyu vin က Mister Ricky shen ရဲ့ ဘယ်လက်ရုံး ပင် ဖြစ်သည် ။ သူသည်လည်း ရှည်လျားတဲ့အရပ် Bodyguard ဝတ်စုံ အနက်ရောက် suti နဲ့ အလွန်ကြည့်ကောင်းသူတစ်ဦးပင်။ Gyu vin ထွက်သွားတော့‌ေ ရှ့၌ ရပ်နေကြသေးတဲ့ သူများကို တစ်ချက် ဝှေ့ဝိုက်ကြည့်လို့ ။

" ကိုယ့် အလုပ်ကိုယ် သေချာ သွားလုပ်ကြတော့ "

အစေခံတစ်ချို့နဲ့ Bodyguard အချို့က အသီး သီး ခေါင်းငုံ့လို့ ကိုယ်စီ ကိုယ်စီ ထွက်သွားကြလေတယ်။ ဒီလောပ်ဆူပူပြီး ‌တစ်ယောက်ယောက်အပစ်လုပ်ထားမိရင် ကျန်တဲ့သူတွေပါ နေစရာမရှိ‌အောင် ပြောဆို ကြိမ်းမောင်းတဲ့ ဒီလိုအိမ်ကြီးမှာ ဘာကြောင့် အလုပ် လုပ်သူတွေ ပေါများနေရသည်လည်း တစ်ချို့ လူတွေက နားမလည်ကြသလို သူတို့မသိတာက ဒီအိမ်ကြီးရဲ့ အလုပ်သမားတွေရတဲ့လစာ ပဲ မက်လောက်တဲ့ ပမာဏမို့ အဆင်မပြေတဲ့ လူတိုင်းက ဤအိမ်တော်ကြီးမှာ အရဲစွန့်ကာ အလုပ်ဝင်လုပ်ကြသူတွေချည်းသာ။

... Don't cry...❌ Stopping ❌Where stories live. Discover now