"ဪ မနေ့က ဟိုလူရော "

"ဒီမနက် ဘောစ့် ပြန်လာမှာမို့ ကြိုဖို့တွက် gun wook နဲ့ထွက်သွားပါပြီ သခင်လေး "

"အင်း သွားရအောင် "

Gyu vin ကခေါင်းတစ်ချက်အသာငြိမ့်ကာ ကားတံခါး ဖွင့်ပေးလေတယ်။ ပြီးနောက် မောင်းသူနေရာသို့ ဝင်ထိုင်ကာ မောင်းနှင်ထွက်သွားလေတော့တယ်။ ထိုအချိန်သည် အိမ်တော်ထဲရှိ အလုပ်သမား များ အသက်ပျင်းပျင်း ရှုရဲသည့် အချိန်ပင်ဖြစ်သည်။

...

"Yu Jin စာအုပ်တွေကျန်မယ် သေချာထည့်နော် ပြီးရင် မနက်စာ လာစား ခဏနေ သွားရအောင်"

ထမင်းစားခန်းထဲတွင် ထမင်းချိုင့်လေး တစ်ခုအား တပ်ဆင်နေသည့် လူရွယ်တစ်ယောက် က ပါးစပ်ကလည်း တစ်စုံတစ်ယောက်အား လှမ်းအော်ပြောနေသေးသည်။

"ဟုတ် ကိုကို ပြီးပြီ "

အခန်းတစ်ခုထဲကနေ လွယ်အိတ်လေးတစ်ခုလွယ်ကာ uniform ဝတ်စုံလေးဖြင့် ထွက်လာသော ကောင်လေးတစ်ယောက် ၊ ပါးဖောင်းလေးတွေရှိပြီး ချစ်စရာကလေးတစ်ယောက်လိုပင် ။

" ကဲ ထမင်း ချိုင့်ရပြီ ထိုင် ကိုကို ကော်ဖီ ‌ထည့်ပေးမယ် "

ထမင်းချိုင့်လေး ထမင်းစားပွဲပေါ်တင်ကာ ကော်ဖီအိုးလေးထဲက ကော်ဖီအား ခွက်ထဲငှဲ့ထည့်ပေးလို့ Yu jinရှေ့သို့ချပေးလိုက်ရင်း

"ရော့ သောက်လို့ရပါပြီခင်ဗျ "

" ဟီး ဟုတ် "

‌ကော်ဖီသောက်မနက်စာ စားပြီးသည်နှင့် နှစ်ယောက်သား အိမ်ပြင်ထွက်မည်ပြုစဉ် ခြံရှေ့သို့ရောက်လာလေသော ကားအနက်ရောင် နှစ်စီး ။ Han Yu Jin ကို နောက်သို့ပို့လိုက်ကာ ရှေ့ ၌ဦးဆောင် နေ နေလိုက်ပြီး သေချာရပ်ကြည့်နေမိစဉ် ကားပေါ်က ဆင်းလာသော အနက်ရောင်ကိုမှ ပြောင်လက်နေသော ‌ဖိနပ်တစ်စုံစီးထားသည့်ခြေထောက် ။ အပေါ်သို ကြည့်မိခိုက် အလွန် ချောမောတဲ့ သူတစ်ယောက် ဖြစ်သော်ငြား ဆံပင် အရောင် ဆိုးထားသော‌ကြောင့် Ji Woong နှာလေး ရှုံ့မိသွားတယ် ။

*ပုံစံကိုက ဆရာကြီး လိုလိုနဲ့ *

ထိုလူတစ်စုက ကြည့်နေရင်းပင် အိမ်ထဲ စိုက်စိုက်မြိုက်မြိုက် ဝင်လာ‌တာမို့ နောက်သို့ တဖြည်းဖြည်း ဆုပ်မိသွားတယ် ။

... Don't cry...❌ Stopping ❌Where stories live. Discover now