*သားကြီး အဖေ့ကို တစ်ခါလောက် ယုံကြည်ပေးစမ်းပါ*

√√√√

ဒါက် ဒေါက် ဒေါက်!!!

"ဝင် ခဲ့ ! "

ကိတ်စတွေအားလုံး အပြီး ညဘက်ရဲ့ အပန်းဖြေချိန် Mister Ricky shen,၏ အခန်းတံခါး ခေါက်ကာ ဝင်လာသူမှာ ဘယ်လက်ရုံး Gyu vin...

" ဦးလေး Kim won ရဲ့ အကြောင်းစုံပါ သခင်လေး "

ရှေ့ကို ချပေးလာတဲ့ Fileတစ်ချို့အားကြည့်ကာ wineခွက်အား တစ်ရှိုက်မော့သောက်လိုက်ရင်း စားပွဲပေါ်သို့တင်ကာ File အား ယူကြည့်လေတယ်။

" သားနှစ်ယောက်ရှိပြီ တစ်ယောက်က အဒေါ်ဖြစ်သူရဲ့ပန်း အရောင်းဆိုင်မှာ ဝင်လုပ်နေပြီး နောက်တစ်ယောက်က ဆယ်တန်း တက်နေဆဲပါ အကြီးဆုံးနာမည်က Kim ji woong, အငယ်က Han yu Jin ပြီးတော့ ဦးလေး Kim won က သူ့သား အကြီးဆုံးနဲ့ သိပ်အဆင်မပြေဘူးလို့သိရပါတယ် အတာကလည်း ဦးလေး Kim wonရဲ့ နောက်‌အိမ်ထောင်ပြုခြင်း‌ကြောင့်လို့ပါ သိရပါတယ် ပြီးတော့ နောက်အိမ်ထောင်နဲ့လည်း ကွာရှင်းပြီးသွားပါပြီ ဒါ ဦးလေး Kim won yaungရဲ့မိသားစု အကြောင်းအကုန်ပါပဲ သခင်လေး "

Gyu vin က အချက်လက်အားလုံးတင်ပြပေးပြီး ခေါင်းတစ်ချက် ငုံ့လို့ ငြိမ်သက်နေတယ်။ Mister Ricky shen က Wine ခွက်အား တဖန်ပြန်ကိုင်လို့ ခွက်အား ဝှေ့ယမ်းကာ

" မနက်ဖြန် မနက် သူတို့အိမ် သွားမယ်ကား စီစဉ်ထား "

" ကောင်းပါပြီ သခင်လေး ဘာများခိုင်းဦးစရာရှိသေးလဲ"

"သွား နားတော့ ရပြီ"

GYU VIN က တစ်ချက် အရိုသေပေးကာ အခန်းထဲက ထွက်သွားလေတယ် ။ Ricky shen တစ်ယောက် စားပွဲပေါ် file အား ပစ်တင်လိုက်ကာ wine အား ဆက် သောက်နေရင်း နောက်ဆုံး Cigarettes တစ်လိပ်အား ထုတ်၍ ပါးစပ်၌ တေ့ကာ မီးငြိရင်း ခဲထားလိုက်လေတယ်။ ဒီပုံစံဟာ Ricky shen ၏ ကြည့်ကောင်းဆုံး အနေထား တစ်ခုပင်ဖြစ်စေကာ ပျိုမဒီတိုင်း ရဲ့စိတ်ကူးထဲက Handsome man တစ်‌ယောက်ပင် ။

√√√√√

"အဆင်သင့်ဖြစ်ပါပြီ သခင်လေး "

မနက်ခင်းရဲ့ ထမင်းစားဝိုင်းတွင် ကော်ဖီသောက်ကာ Tablet တစ်လုံးကိုင်ကာ အလုပ်ရှုပ်နေသည့် Ricky shen အား gyu vin မှ အဆင်သင့်ဖြစ်‌ကြောင်း လာ‌ပြောလေမှ ခေါင်းတစ်ချက်ငြိမ့်ကာ ထလာလေသည်။

... Don't cry...❌ Stopping ❌Where stories live. Discover now