√√√√√

" လူလေးရယ် ဦးတကယ် မယူရတာပါ ခိုးခံခဲ့ရတာပါ "

" ကျတော်သိပါတယ် ဦး‌လေး စိတ်အေးအေးထားပါ ကျတော်တို့စုံစမ်းမှာပါ ဦးလေးသာ တကယ်ကြားဖြတ်မယူခဲ့တာအမှန်ဆိုရင် စိတ်အေးအေးထားပါ "

အပြင်ကို ဆွဲထုတ်ခြင်းခံလာရတဲ့ Kim won က gun wook ကို မျက်ရည်စတစ်ချို့နဲ့ အသဲသန်ရှင်းပြနေခဲ့တယ် ။ gun wook ထိုဦး လေးနဲ့ မရင်းနှီးပေမယ့် ထိုဦးလေး အကျင့်စာရိတ်တ ကိုတော့ ယုံပါသည် သခင်ကြီး အနားမှာ လူယုံအဖြင့် နေခဲ့သည်မှာ နစ်မနည်းခဲ့ချေ။ သခင့်ကစိတ်ကြီးသူမို့ ခုချိန်သွေးပူနေတုန်းမို့သာ ဒေါသအလွန်ကြီးသွားရတာပေမယ့် သွေးအေးသွားချိန်မှာတော့ သေချာ သုံးသပ်ပြီး လုပ်ဆောင်လိမ့်မယ်။

‌အောင်မြင်နေတဲ့ ဒိတ်ဒိတ်ကြဲ လူတစ်ယောက်မို့ အလဲထိုးချင်နေသူတွေကများတာမို့ ဒါက ပြိုင်ဘက် Company တစ်ခုက လုပ်ဇာတ်လည်း ဖြစ်နိုင်တယ်လို့ Gun wook ကသုံးသပ်မိပေမယ့်လည်း ဆုံးရှံးသွားတဲ့ ငွေပမာဏက သခင်လေး ဖိနပ်တစ်ရံစာ ဖိုးပင် မရှိ‌ချေတော့ လုယက်ခိုးနေ‌တဲ့ သူခိုးများလည်း ဖြစ်နိင်တာပဲ။ ဒါက ဦးလေးပေါ့ဆမှု‌ကြောင့်လည်း ပါတာမို့ မှားတာကတော့မှားခြင်းပင် ။ လက်ခုပ်က နှစ်ဖက်တီးမြှမည်ခြင်း ။

" သခင် ! သခင်လေးက ဦးလေးကို သတ်တော့ မသတ်ဘူးမလား ! ? ဦးလေးမှာ သားနှစ်ယောက် ရှိသေးတာမို့ သေလို့မဖြစ်သေးဘူး "

ထိုဦးလေးရဲ့ စကား‌ကြောင့် gun wookက ကြိတ်ပြုံးမိတယ်။လြူကီး တွေ အသက်ကြီးလာရင် အရမ်း အတွေးများတတ်တာပဲ။

" သခင်လေးက သူတစ်ပါးကို အသားနာအောင်တောင် မရိုက်ဖူးပါဘူး ဦးလေးရ ပြောစရာရှိ ပါးစပ်ကပြောတယ်။ အပစ်ကြီးရင် စံအိမ်ကမောင်းထုတ် ထောင်ချပြီး ဘယ်မှာမှ လုပ်စားလို့မရတဲ့ထိ လုပ်ပစ်တယ် ။ အယ် အလုပ်နဲ့ပဲ သက်သေပြတဲ့ သဘော လူမသတ်ပါဘူး "

‌kim won က ထိုစကား‌ကြောင့်စိတ်သက်သာရာ ရသွားပေမယ့် စိတ်ထဲစိုးရိမ်နေတုန်းပါပဲ။ သူထောင်ကျလို့လည်း မဖြစ်ဘူး ။ သားကြီးရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနေချိန်မှာ သူသာထောင်ကျသွားရင် သားကြီးက သူ့အား ပိုမုန်းဖို့ပဲ ရှိနိုင်မည်။ ဒီတစ်ခါဆို သားငယ်ကပါ မုန်းသွားနိုင်သည်။

... Don't cry...❌ Stopping ❌Where stories live. Discover now