" Gyu vin!! အလူရဲ့ မိသားစု နောက်ခံ အကုန်စုံစမ်းခဲ့ ဒီညသိချင်တယ် တစ်ခုမကျန်"
" စိတ်ချပါ သခင်လေး "
Gyu vin က Mister Ricky shen ရဲ့ ဘယ်လက်ရုံး ပင် ဖြစ်သည် ။ သူသည်လည်း ရှည်လျားတဲ့အရပ် Bodyguard ဝတ်စုံ အနက်ရောက် suti နဲ့ အလွန်ကြည့်ကောင်းသူတစ်ဦးပင်။ Gyu vin ထွက်သွားတော့ေ ရှ့၌ ရပ်နေကြသေးတဲ့ သူများကို တစ်ချက် ဝှေ့ဝိုက်ကြည့်လို့ ။
" ကိုယ့် အလုပ်ကိုယ် သေချာ သွားလုပ်ကြတော့ "
အစေခံတစ်ချို့နဲ့ Bodyguard အချို့က အသီး သီး ခေါင်းငုံ့လို့ ကိုယ်စီ ကိုယ်စီ ထွက်သွားကြလေတယ်။ ဒီလောပ်ဆူပူပြီး တစ်ယောက်ယောက်အပစ်လုပ်ထားမိရင် ကျန်တဲ့သူတွေပါ နေစရာမရှိအောင် ပြောဆို ကြိမ်းမောင်းတဲ့ ဒီလိုအိမ်ကြီးမှာ ဘာကြောင့် အလုပ် လုပ်သူတွေ ပေါများနေရသည်လည်း တစ်ချို့ လူတွေက နားမလည်ကြသလို သူတို့မသိတာက ဒီအိမ်ကြီးရဲ့ အလုပ်သမားတွေရတဲ့လစာ ပဲ မက်လောက်တဲ့ ပမာဏမို့ အဆင်မပြေတဲ့ လူတိုင်းက ဤအိမ်တော်ကြီးမှာ အရဲစွန့်ကာ အလုပ်ဝင်လုပ်ကြသူတွေချည်းသာ။
"ဟူးးးးးးး "
Mister Ricky က လည် Katie ကို ဖြည်လျော့လို့ ဆိုဖာပေါ် ခေါင်း လှန်ချရင်း သက်ပျင်းဖွဖွ ချတယ် ။ တစ်ရက်လေး အလုပ်မသွားမိပဲ မျက်နှာလွှဲကြည့်တာ ပိုစိတ်မောနေရပြီ ။ ယနေ့ နိုင်ငံခြားက Shear ရှင် တွေ ရောက်မှာ ဖြစ်လို့ လေဆိပ်သွားကြိုရန် အလုပ်တစ်ရက် နားခြင်းပင် ။ ငွေ လွှဲရာမှာ gun wook နဲ့ gyu vin ကို ခိုင်းလို့ရပေမယ့် သူတို့ကိုပါ လေဆိပ် ခေါ်သွားမိခြင်း ။ အဖေဖြစ်သူရဲ့ လူယုံ မို့ယုံမိတာလည်း ပါခဲ့ လေတယ်။
" လမ်းမှာ ပစ်စည်း တစ်ခုဆင်းဝယ်တာ ပြန်လာတော့ ငွေထုတ်ကမရှိတော့ဘူး ကားလော့မချခဲ့မိလို့ ဟက်!!!ဘယ်လောက်ရီရတဲ့ ဆင်ခြင် ပေးချက်လည်း စိတ်ကုန်စရာတွေ ! "
တစ်ယောက်ထဲ ဖွဖွရေရွတ်လို့ နှုတ်ခမ်းတစ်ဖက်စွန်း ကွေးခနဲ နေအောင် အက်ရှတဲ့ရယ်သံနဲ့ ရယ်လိုက်တဲ့ Mister Ricky shen က သိပ်ကြည့်လို့ကောင်းသလို ။ ခြေသေ့် တစ်ကောက်ပမာ လည်း တုန်လှုပ်ကြောက်ရွံ့ ခြောက်ခြားဖွယ်ရာ ဖြစ်သည်။
BINABASA MO ANG
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 1
Magsimula sa umpisa
