"ရော့ သောက်လို့ရပါပြီခင်ဗျ "
" ဟီး ဟုတ် "
ကော်ဖီသောက်မနက်စာ စားပြီးသည်နှင့် နှစ်ယောက်သား အိမ်ပြင်ထွက်မည်ပြုစဉ် ခြံရှေ့သို့ရောက်လာလေသော ကားအနက်ရောင် နှစ်စီး ။ Han Yu Jin ကို နောက်သို့ပို့လိုက်ကာ ရှေ့ ၌ဦးဆောင် နေ နေလိုက်ပြီး သေချာရပ်ကြည့်နေမိစဉ် ကားပေါ်က ဆင်းလာသော အနက်ရောင်ကိုမှ ပြောင်လက်နေသော ဖိနပ်တစ်စုံစီးထားသည့်ခြေထောက် ။ အပေါ်သို ကြည့်မိခိုက် အလွန် ချောမောတဲ့ သူတစ်ယောက် ဖြစ်သော်ငြား ဆံပင် အရောင် ဆိုးထားသောကြောင့် Ji Woong နှာလေး ရှုံ့မိသွားတယ် ။
*ပုံစံကိုက ဆရာကြီး လိုလိုနဲ့ *
ထိုလူတစ်စုက ကြည့်နေရင်းပင် အိမ်ထဲ စိုက်စိုက်မြိုက်မြိုက် ဝင်လာတာမို့ နောက်သို့ တဖြည်းဖြည်း ဆုပ်မိသွားတယ် ။
ထိုလူက အနားရောက်တာနှင့်သူ့အား လှည့်မကြည့် ပဲနှင့် အိမ်ထဲ ဝင်ရန် လုပ်နေကာ ဖိနပ်ပါမချွတ်တာမို့ အသန့် ကြိုပ်လွန်းသူပီပီ ဒေါသများ ဟောင်းခနဲ ထွက်ကာ မှီရာ လှမ်းဆွဲကာ ရပ်ခိုင်းစေသည်။
"ဒီမှာ မင်းတို့ဘယ်သူလည်း ငါမသိဘူး အေ အိမ်ထဲဝင်ရင် ဖိနပ်တော့ချွတ် ! နိုင်ငံကြီးသား ပီသစမ်းပါ စည်းမရှိကမ်းမရှိ "
ထိုလူ ရဲ့ အင်ကျီစကို ကိုင်ထားမိတာ ဖြစ်ပြီး ထိုလူက နောပ်သို့ တစ်ဖြည်းဖြည်း လှည့်လာလေတယ်။ မျက်နှာချင်းဆိုင်ရပ်နေတဲ့ အနေထားမှာ ji woong က Ricky shen ထက်အနည်း ငယ် အရပ်ပုနေခြင်းကြောင့် အကြည့်စူးစူးတို့ကြောင့် အင်ကျီကိုဆွဲမိထားတဲ့ လပ်အား လွှတ်လိုပ်မိတယ်။
"မင်းက ကိုယ့်ကို တားရဲတယ် အဟက်!! ဟာသပဲ "
"ကိုကို့ ကို ဘာမှ မလုပ်ပါနဲ့ ဦးလေးကြီး ကျတော်ကကြားထဲက တောင်းပန်ပါတယ် "
ရှေ့က သူအား စိတ်တိုနေသည့်အလျောက် ဘယ်က ကလေးကရှေ့က လူကိုကာပြီး သူ့ကို ဦးလေးြက်ီးလာခေါ်နေရတာလည်း စိတ်ပေါက်"နဲ့ ထိုကလေးအား အားနဲ့ ဆွဲဖယ်လိုက်တယ် ။ Ricky shen ရဲ့တွန်းထြတ်မှုကအားပါသွားတာကြောင့် Yu Jin ကိုယ်လေးက လွင့်ထွက်သွားပြီး ဘေးက ရပ်နေတဲ့ Gyu vin ရင်ခွင်ထဲ တန်းရောက်သွားလေတယ် ။ gyu vin ကလည်း ထိန်းပေးလိုက်ကာ ချုပ်ထားလိုက်ရင်း
"တိတ်တိတ်နေ !"
Ji Woong သူ့၏ညီလေးအား တွန်းလိုက်သော ထိုလူကြောင့် ဒေါသတို့ ပိုကြီးလာကာ ...
" မင်းတို့က ဘာကောင်တွေမို့ ငါ့အိမ်ထဲထိ ဝင်လာပြီး ခုလို ငါ့ညီကို ကိုယ်ထိလက်ရောက် ထိရဲရတာလည်း "
Ricky shen ၏ရင်ဘတ်အား ထုမည်အပြု လက်များ ဖမ်းချုပ်ခံရကာ အိမ်အဝင်ဝ၏တံခါးဘောင်သို့ ဖိကပ်ခြင်းခံထားလိုက်ရ၏ ။
"ကိုကို !!ဟင့် "
" ငြိမ်ငြိမ်နေ လို့ပြောနေတယ်မလား? "
Gyu vin က ကိုယ်လုံးသေးသေးလေးကို လက်တစ်ဖက်ထဲနဲ့ ပွေ့သိမ်းထားရင်း ငောက်တော့ Yu Jin က တိတ်သွားတယ် ။
" မင်း အဖေ ကိုယ့်ပိုက်ဆံ သိန်း 5200ဖျောက်ပစ်တယ် "
" အတာသူနဲ့ သွားရှင်းလေ ငါတို့နဲ့ဘာဆိုင်လဲ လွှတ် အင့် !!"
အတင်းရုန်းနေလည်း လက်အား မြှောက်ကာ ချုပ်နှောင်ထားခြင်းခံရတာမို့ ရုန်းမရ။
" အဟားးးအစကတော့ သူနဲ့ပဲရှင်းမို့ပါပဲ ဒါမဲ့ ခုစိတ်ပြောင်းသွားပြီ "
"မင်းကို လွှတ်လို့ပြောနေတယ် လွှတ်!!"
"Kim ji woong hk!!! Your so beautiful!"
နား နားသို့လာကပ်ပြောသော စကားသံအပ်"ကြောင့် ji woong ကိုယ်လေး တုန်တက်သွားမိတယ်။
*ခု ငါက လှတယ်လို့ ပြောခံလိုက်ရတာလား?*
"လွှတ် လူယုတ်မာတွေ သူများအိမ်ထိလာပြီး ရိုင်းစိုင်းနေကြတဲ့ အရိုင်းအစိုင်းကောင် တွေ လွှတ် အွင့်!!"
ရုတ်တရက်ဆန်တဲ့ အပြုမူ ။ ပြူးကျယ်သွားတဲ့ မျက်ဝန်း များနှင့် ရုန်းကန်နေခြင်းများရပ်သွားသာ Kim ji woong, Gyu vin ကတော့ ရုတ်တရက်မို့ ခဏသာ မျက်လုံးပြူးသွားပြီး ရင်ခွင်ထဲက အံ့ဩနေတဲ့ အကောင်ပေါက်စ၏ မျက်လုံးအား လက်တစ်ဖြင့် အုပ်လိုက်မိတယ် ။ ခု သူတို့သခင်လေးက နမ်းလိုက်တယ် ။ Kim ji woongဆိုတဲ့ ယောက်ျားလေးတစ်ယောက်ကိုလေ .....
~~~~~
ဟယ်လို ဟဲ ဒါလေးက Riwoong ပါနော် ထပ်ပြောပါတယ် Woongky မဟုတ်ပါဘူး Riwoong ပါ roleမရွေးတဲ့သူဆို ဖတ်ရအဆင်ပြေမှာပါ။ ပါဝင်တဲ့ Idolတွေပေါ်တစ်ဦးတစ်ယောက်ချင်းစီအား နှိမ့်ချလိုခြင်း အလျှင်မရှိပါဘူးနော် ။ fan fic လေးပါ ။
Binwoong လေးလည်း မနက်ဖြန်ကြ ဇာတ်သိမ်းပိုင်းလေးတင်ပေးပါ့မယ်။ ကိုယ်က အကုန်ပတ်ရှစ်မို့ OTP အစွဲရှိရင် မဖတ်ပါနှင့် !!
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 1
Start from the beginning
