အပိုင်း(၁၀)

Start from the beginning
                                    

"ဘာကြောင့် ဒီလိုလုပ်လဲဆိုတာ ငါသိတယ် ကျူး... ငါ့ကို စွမ်းနဲ့ဝေး‌‌စေချင်လို့မလား... စွမ်း party ကို မသွားရအောင် တမင်လုပ်တာမလား..."

မာန်ပါ‌နေသော နှောင်းလေသံက ခပ်မြင့်မြင့်နှင့်ပင်....

"ဟုတ်တယ်... စွမ်း party မသွားစေချင်လို့ ငါလုပ်လိုက်မိတယ်.... အဲ့ဒါနင့်အတွက်ပါ...."

"အဟင်း.... ငါ့အတွက်ဟုတ်လား... အခုလိုလုပ်နေတာ ငါ့အတွက်လား နင့်အတွက်လား ဆိုတာ နင့်ကိုယ်နင် ပြန်မေးလိုက်ပါဦး.... စွမ်းနဲ့ ပတ်သတ်လာရင် လွှဲအောင်လုပ်တာ ဒီတစ်ခါ မကဘူးနော်..."

ကျူး အသက်ကို ခပ်ပြင်းပြင်းရှူထုတ်ကာ ဒေါသရိပ်တွေ ပြည့်နေသည့် နှောင်းမျက်ဝန်းတွေအား ရင်ဆိုင်ရင်း.....

"အခုလိုလုပ်နေတာ ငါ့အတွက် တစ်ခုမှ မပါဘူး... နှောင်း.... စွမ်းအတွက်နဲ့ အခုလို ဖြစ်နေစရာအကြောင်းမရှိဘူးနော်"

"ဘာလို့မရှိရမှာလဲ..... စွမ်းက ငါချစ်တဲ့သူ.... နင်ရော စွမ်းကို ချစ်နေလို့ နင့်ဘက်ပါအောင်လုပ်နေတာ ငါသိတယ်....."

နှောင်းထံမှ ထွက်လာတဲ့စကားကြောင့် ကျူး ရင်ထဲမှ ပစ်ပစ်ခါခါ ငြင်းဆန်နေမိသည်။

စွမ်းကို ငါချစ်နေတယ် ဆိုတာတော့ မှန်ပါတယ်.... ဒါပေမယ့် ငါ့ဘက်ပါလုပ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနှောင်းရယ်.... စွမ်းသာ လူပျိုလူလွတ်ဆိုရင် ငါ့နှလုံးသားကို အနာကျင်ခံပြီး နင့်ကိုပဲ ဦးစားပေးမှာ.....

ထုတ်‌မပြောဖြစ်ပဲ.... ရင်ထဲ၌သာ တသွင်သွင်ပြောနေသလောက် ထိုစကားတွေက နှုတ်က ထွက်မလာ။

"မဟုတ်ဘူးနှောင်း.... ငါချစ်တာ မချစ်တာ အရေးမကြီးဘူး.... နင်စွမ်းကို ချစ်လို့မရဘူးနှောင်း.... စွမ်းမှာ....."

ကျူး စကားမဆုံးခင် နှောင်းက ဆတ်ခနဲ တုံ့ပြန်၏။

"ငါ ဘာလို့ချစ်လို့ မရရမှာလဲ.... အရှေ့မှာ တခြားယောက်ျားတွေ ငါ့ကို နှောင့်ယှက်လို့ နင်ကူညီခဲ့တာ မှန်ပေမယ့် ဒီတစ်ခါမှာတော့ ငါ့ဘာသာ ဆုံးဖြတ်ချင်တယ်.... ငါ့ဘဝကို နေရာတကာ ဝင်မစွက်ဖက်ပါနဲ့....."

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now