ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{5}

Start from the beginning
                                    

"ဒါဆို ငါနဲ့တူတာပေါ့ ဟီး ချင်းဂုအသစ်ရပြီ"

"ကလေးလေး ခုနက ဘာလို့ငိုနေတာလဲ"

"ချင်းဂု...တွေ..မရှိလို့"

"အခု ငါတို့ရှိပြီယေ နောက်ခါဆို ငါတို့နဲ့ဆော့နော်"

"ဟုတ်"

"အိုက်ဂူး ကလေးလေးက ချစ်စရာလေး ဒါနဲ့ဟန်ဂုလူမျိုးမဟုတ်ဘူးထင်တယ်"

"ကနေဒါကပါဗျ ဟီး"

"ဟုတ်ယား ဒါဆို English နာမည်ရှိမှာပေါ့ မင်းနာမည်ကဘာယဲ"

"မက်သရူး....ဆော့မက်သရူး"

"နာမည်နှစ်ခုလုံးက ချစ်ဖို့ကောင်းတယ် hyung ကတော့ မက်သရူးလို့ပဲခေါ်မယ်နော်"

"ဟုတ် ဂျီဝန်းhyung"

အဲ့ကနေ စတင်လာတဲ့မက်သရူးတို့ရဲ့ငယ်ဘ‌ဝလေး မက်သရူးအားငယ်တဲ့အချိန်မှာ ပေါ်လာခဲ့တဲ့ ဆောင်းဟန်ဘင်းဆိုသည့် ထိုလူသားကို
မက်သရူး အရင်ကလည်းချစ်ခဲ့သလို အခုထိလည်းချစ်နေတုန်း

ဖုန်းလာသည့်အသံကြောင့် မက်သရူးရဲ့အတွေးတို့လည်း ခနရပ်တန့်သွား၏

"ဟာအို hyung ‌ဘာကိစ္စရှိလို့"

"ခုနက ရဲစခန်းက ဖုန်းဆက်တယ် မက်သရူး
ဟန်ဘင်းက ရန်ဖြစ်လို့တဲ့"

"ဘယ်လို"

"hyung ကအခုမအားလို့ မသွားနိုင်ဘူး မက်သရူးသွားပေးမလား"

"ဟုတ် hyung ကျွန်တော်သွားလိုက်မယ်"

ဟာအို hyung မပြောရင်တောင် မက်သရူးမှာသွားဖို့ ပြင်ဆင်နေပြီးပါပြီ ထိုလူသားအတွက်ဆို မက်သရူးက အရာအာလုံးကို ပေးဆပ်ချင်လောက်အောင်အထိကို ချစ်ရတာပါ

ဟာအို အလုပ်တွေများတယ်ဆိုတာမှန်ပေမဲ့ လူတစ်ယောက်ကို သွားခေါ်ဖို့အတွက်တောင် မအားတဲ့သူတစ်ယောက်တော့မဟုတ်ခဲ့ ဟန်ဘင်းရာ ငါကမင်းနဲ့ထိုက်တန်တဲ့သူနဲ့ပဲ မင်းကိုပျော်ရွှင်စေချင်တယ်။

~

ဟိုဘက်ကလူကို ကြေးအပ်အောင်သေချာလုပ်ပြီးမှ မက်သရူးတို့ ရဲစခန်းကထွက်လာကျ၏ hyung ကတော့သောက်ထားတဲ့ အရှိုန်ကြောင့် အနည်းငယ်မူးနေတုန်း

"မက်သရူး မင်းမဟုတ်လား သူမလားဘူးကို အဟား"

သူဆိုတာ ဘယ်သူကိုဆိုလိုမှန်း မက်သရူးသိပ်သိတာပေါ့

"hyung အရမ်းမူးနေတယ် ကျွန်တော်တို့အိမ်ပြန်ရအောင် အခုကလမ်းဘေးကြီးမှာ hyung ရ"

"မက်သရူး ငါအိမ်မပြန်ချင်ဘူး ဟိုတယ်ကိုသွားရအောင်"

"အင်း hyung သဘော"

hyung သဘောအတိုင်း မက်သရူး ဟိုတယ်ကို လိုက်ပို့လိုက်၏ မဟုတ်ရင် hyung က လမ်းဘေးမှာပဲ အိပ်တော့မဲ့ပုံစံ

hyung ရဲ့ ခန္ဓာကိုယ်အလေးကြီးကို မက်သရူး ကုတင်ပေါ်သို့ပစ်ချလိုက်ကာ hyung ကို သေချာနေရာချပေးပြီး ထွက်လာမည်အလုပ်

"မသွားပါနဲ့ကွာ" ဟုဆိုကာ မက်သရူးလက်ကိုလမ်းကိုင်လာတဲ့ hyung

"hyung အွန့်....."

မက်သရူးရဲ့ နှုတ်ခမ်းတွေကို ကြမ်းတမ်းစွာနမ်းလာတဲ့ hyung ထို့နောက် hyung ရဲ့နှုတ်ခမ်းက ထွက်လာတဲ့ ထိုနာမည်

"ဟာအို hyung"

hyung ရဲ့အနမ်းတွေကို မက်သရူး ပြန်ပြီး
မတုံ့ပြန်သလို တွန်းလည်းမဖယ်ခဲ့ဖြစ် ဒီအတိုင်း လူသေတစ်ယောက်လို hyung ရဲ့အနမ်းတွေကို မျည်ရည်များဖြင့် ခံယူနေမိ၏

hyung ရဲ့ အမြင်အာရုံထဲမှာတောင် မက်သရူးအတွက်နေရာဆိုတာရှိမနေခဲ့ နုလုံးသားဆိုဝေးရောပေါ့

ဒီတစ်ခါတော့ hyung ကိုမချစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ နှင်းဆီဆူးထက်ကို hyung ရဲ့အချစ်ဆူးက ကျွန်တော့်အတွက် ပိုနာကျင်ရလွန်းလို့။

~🌹~

A/N - ကိုယ်ခေါ်ချင်တဲ့ ဇာတ်အထိ ဖတ်တဲ့သူတွေကို မခေါ်ဆောင်နိုင်သေးဘူးထင်ပါတယ် ဇာတ်အိမ်ကလည်း နည်းနည်းပျင်းဖို့ကောင်းလွန်းနေတယ် မဟုတ်လား ဖတ်တဲ့သူတွေကို အားလည်းနာရပြီ ကျေးဇူးလည်းတကယ်တင်ရပါတယ်╥⁠﹏⁠╥

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now