ဦးရီး၏​ပွေ့ပိုက်​ခြင်းကိုခံလိုက်​ရပြီး​နောက်​ သူမျက်​လုံးများကိုမှိတ်​ပစ်​လိုက်​သည်​။တောအုပ်​သခင်​မ သူ့အဖြစ်​အပျက်​ကို​လှောင်​ရယ်​လိမ့်​မည်​လားမသိ​ပေမယ့်​ သူသတိလည်းမရှိ​တော့​ပေ။

သခင်​မအက်​စတာ ရင်​နာ​လောက်​​သောစကား​တွေကို သူထပ်​မံ​ရေရွတ်​ပါသည်​။

"ကင်​မ်​နမ်​ဂျွန်း မင်းကိုငါသိပ်​မုန်းပါတယ်​.."
-
မွှန်​ထူ​နေ​သော​ဆေးရနံ့များကိုဦးစွာခံစားလိုက်​မိပြီး လီယို၏​လှောင်​အိမ်​လှုပ်​ခတ်​​နေသံက်ုလည်းကြား​နေရသည်​။လီယို​​ဆော့ကစား​နေခြင်းဖြစ်​လိမ့်​မည်​။မြင်​လွှာတွင်​တဖြည်းဖြည်းမြင်​လာရတာက​ဟေလီနှင့်​ဦးရီးဖြစ်​သည်​။သူ့လက်​ဖဝါးကိုတင်းကြပ်​စွာဆုပ်​ကိုင်​ထား​သော​ဟေလီ့ထံမှ သူရုန်းထွက်​လိုက်​မိသည်​။မိုးတိတ်​သွားပြီ။

"ဒါ ဘာအချိန်​ လည်း အင်းမ်း..."

"မင်းသတိလစ်​သွားခဲ့တာ ယမန်​ညက အခုမနက်​ခင်း ရှစ်​ချက်​ထိုး..."

ဦးရီးသည်​ မီးဖိုနံ​ဘေးမှ​​ဆေးပုလင်း​တွေကိုသွားယူ​နေသလို ​ဟေလီသည်​ နံ​ဘေးရှိစားပွဲထက်​မှ​ရေခွက်​ကိုသူ့ထံသို့ကမ်း​ပေးလာသည်​။ကုတင်​ကိုအားပြုကာထိုင်​လိုက်​ပြီး​နောက်​​ရေကိုသာသူလက်​ခံ​သောက်​လိုက်​​သေးသည်​။

"​ဟေလီ..မင်းပြန်​​တော့.."

"ဟင်​..~"

ဟေလီ့ထံသို့သူကြည့်​​မ​နေဘဲအ​နောက်​ဘက်​ရှိနံရံကိုမှီထားကာမျက်​ဝန်းများကို​မှေးထားလိုက်​သည်​။ဟေလီ၏ပျက်​ယွင်းသွားမည့်​မျက်​နှာကိုသူမမြင်​ချင်​ပါ။ဦးရီးနှင့်​​ပြောစရာ​တွေရှိသည်​။

"ငါမင်းနားမှာပဲ​နေ-"

"ကျစ်​ ! ပြန်​​တော့လို့မင်းကို​ပြော​နေတယ်​မဟုတ်​လား.."

"ဂျင်​ငယ်​ ! "

ဟေလီရင်​ထဲအလွန်​နာကျင်​သွားရသည်​။ဆော့ဂျင်​သည်​ အလွန်​​ဒေါသဖြစ်​​နေပုံ​ပေါ်ပြိး မျက်​ခုံး​တွေကိုတွန့်​ထားခဲ့သည်​။ဒါ​တောင်​မှအနုပညာသိပ်​ဆန်​​နေရက်​ခဲ့လို့ ​ဟေလီအမြင်​မကွက်​ခဲ့မိပါ​ပေ။ဆော့ဂျင်​နာကျင်​ရခြင်းအကျိုးအ​ကြောင်းသူသိရှိ​ချင်​​သေး​သော်​လည်း ချစ်​ရသူသည်​နှင်​ပါသည်​။သူယမန်​​နေ့က​ဆော့ဂျင်​ကိုမ​တွေ့မချင်းရူးမတတ်​ငိုခဲ့ခြင်း၊စိုးရိမ်​စိတ်​​တွေများပြားခဲ့ခြင်း​တွေကို သူသာသိပါသည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now