3

599 75 9
                                    

"ကောင်းပြီ ကျုပ်လက်ခံတယ်။" မင်းကြီးရဲ့စကားကြောင့် မတ်သရူးအံ့သြသွားရသည်။ ဒီလောက်လွယ်လွယ်နဲ့ လက်ခံလိမ့်မယ်လို့မထင်ထားခဲ့။ မတ်သရူး ကြင်ယာတော်ကိုကြည့်မိတော့ ပုံမှန်ပဲမို့ ‌‌စိတ်သက်သာရတယ်။

"ကျေးဇူးပါမင်းကြီး" ဒါလ်နိုင်ငံ ဘုရင်အပြောကြောင့်

"မလိုပါဘူး လက်ဆောင်ကိုကျုပ်ကလက်ခံရတဲသူပဲ ပေးတဲ့ မင်းကြီးတို့ကိုသာ ကျေးဇူးတင်ရမှာပေါ့။ ကဲဒါဆို ဆက်သုံးဆောင်ကြပါဦး။ ကျွန်‌‌တော်အနားယူချင်ပြီမို့ ဒီလောက်နဲ့ပဲ သွားလိုက်ပါဦးမယ်။ လိုအပ်တာရှိရင် ပြောလိုက်လို့ရပါတယ်။"

"ကောင်းပါပြီ မင်းကြီး"

မင်းကြီးနဲ့ ကြင်ယာတော်က ထသွားပြီးမှ မင်းကြီးကပြန်လှည့်လာကာ 

"အော် အိမ်ရှေ့စံ ဒီတစ်ညတော့ ဧည့်ဆောင်မှာ ကောင်းကောင်းအနားယူပါ။ မနက်မှ နန်းဆောင်နဲ့ အတူစီစဉ်စရာတွေကို ကိုယ်စီစဉ်ပေးပါမယ်" 

ပြောသွားတဲ့ဟန်ဘင်းကတော့ သူ့ကိုယ်သူသတိမထားမိတာလားမသိပေမယ့် မတ်သရူးကတော့ သူ့ကိုယ်သူ ကိုယ်လို့သုံးသွားတဲ့ မင်းကြီးကြောင့် ရင်ဘတ်ထဲ လိပ်ပြာလေးတွေဖြတ်သွားသလို။ 

သိပ်ပြီးမပြုစားပါနဲ့လားခင်ဗျားရယ်။ ပထမဆုံးတွေ့ဆုံမှုမှာတင် အမျိုးအမည်မသိတဲ့ ခံစားချက်တွေပေးပြီး တွေဝေစေခဲ့တဲ့ ခင်ဗျားကြောင့် အိမ်‌ရှေ့စံဆိုတာ ရာဇမာန်တွေကို ‌လျှော့ပြီး ဒီအထိ‌‌ရောက်လာခဲ့ပြီးပြီ။ ဒီထပ်ပိုလာရင်တော့ ကျွန်တော်လောဘတက်လာမိမစိုးလို့ပါ ခင်ဗျားရယ်.....

****************************

ဟန်ဘင်း အစ်ကို ဟာအိုလက်ကလေးကိုတွဲပြီး ဥယျာဥ်ထဲမှာ လျှောက်နေရင်း ဘာစကားမှမဆိုမိ။ အစ်ကိုကလဲ ဘာမှပြောမလာပါ။ တိုက်ခတ်လာတဲ့ ညလေနုအေးလေးနဲ့အတူ နှစ်ယောက်သား အတော်ကြာ လမ်းလျှော်ပြီးနောက်

"ဒီနားမှာ ထိုင်ရအောင် မင်းကြီး"

"ဟန်ဘင်းလို့ပဲခေါ်ပါဆို" ဟာအိုထိုင်လိုက်တဲ့ ခုံတန်းလေးပေါ်မှာ လိုက်ထိုင်ပြီးပြောလိုက်တဲ့ ဟန်ဘင်းကြောင့်

War of Love [Ongoing]Where stories live. Discover now