အပိုင်း(၉)

Zacznij od początku
                                    

မဟာဖြေဆေး ယူလာတော့ ကျူးရဲ့ လက်ဖဝါးလေးထဲ ထည့်ပေးလိုက်‌သည်။

နှောင်းစိတ်ချမ်းသာအောင် သောက်ပြပြီး၍ ပြန်လှဲ‌ကာ နှောင်း၏ လက်ကလေးကို ဆုပ်ကိုင်ထားသည်။

"မညွှန့်ရော...."

မညွှန့်ဆိုတာ ကျူးအိမ်က အိမ်အကူ ကောင်မလေးပင်။

"မညွှန့်က ဒီနေ့က သူ လိုအပ်တာလေးတွေ သွားဝယ်ချင်လို့ဆိုပြီး သွားတာ ပြန်မလာသေးဘူး.... သူသွားတုန်းက ဗိုက်အောင့်တာ ဒီလောက်မဆိုးသေးတော့‌ အဖော်လုပ်ပေးဖို့ မတားလိုက်ဘူး... ဆေးတောင်မှာလိုက်သေးတယ်"

အထစ်ထစ် အငေါ့ငေါ့ဖြင့် နှောင်းယုံအောင် ရှာကြံပြီး ပြောရသေးသည်။

"အင်းပါ.... နားနားနေနေ နေနော်... နင့်အနားမှာ ငါရှိနေပေးမယ်..."

နှောင်းက ထသွားမည်မလုပ် ကျူးတစ်ခုခု သတိရဟန်ဖြင့်.....

"ခဏနေ စွမ်းရဲ့ Birthday party သွားရဦးမယ်မလား... ငါတော့ သွားလို့ရမယ် မထင်တော့ဘူး"

"အင်း.... ဒေါ်လေးတောင် သွားပြီထင်တယ်... ခုန ထွက်လာတုန်းကတော့ နင်နဲ့ လာခဲ့မယ်လို့ ပြောထားတယ်... လောလောဆယ် နင်မသက်သာသေးတော့ အဲ့ဒါ အရေးမကြီးပါဘူး"

"ဒေါ်လေးမသွားသေးဘူး‌ဆိုရင် အခုကတည်းက လိုက်သွားရင် လိုက်သွားလေ.... "

"ငါသွားရင် နင်တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့ ကျူးရဲ့.... မသွားဖြစ်ရင် စွမ်းကို နောက်မှ ပြန်ပြောလို့ရပါတယ်... အခုချိန် အရေးကြီးတာ နင့်ကျန်းမာရေးပဲလေ"

နှောင်းစကားကြောင့် ကျူးရင်ထဲ မကောင်းဖြစ်သွားမိတာတော့အမှန်....

စွမ်းရဲ့ party ကို မသွားဖြစ်အောင် လိမ်လည်ခဲ့မိသည်။ နှောင်းကို စွမ်းနဲ့ ပိုမရင်းနှီးစေချင်တာ ကျူးစေတနာပင်.... စွမ်းမှာ မိန်းမ ရှိနေတယ် ဆိုတဲ့ အသိနဲ့ သူမ အရာရာလုပ်ခဲ့မိသည်။ ဒီထက်ပိုချစ်မိသွားရင် နှောင်းပဲနာကျင်ရမှာမို့ပင်...

ငါ့အပေါ်ထားတဲ့ နင့်ရဲ့ သူငယ်ချင်းကောင်း ပီသမှုကို ခုတုံးလုပ်ခဲ့တယ်လို့ မထင်ပါနဲ့ နှောင်းရယ်.....
                 ----------- ---------

💕အကြင်နာဒိုင်ယာရီ💕Opowieści tętniące życiem. Odkryj je teraz