"မြန်မြန်လာဟ သေနာလေးရ"
မည်သို့ပင်တရားရှုမက်နေပါစေ သူ့ကိုပစ်လိုက်သောရေဘူးကိုတော့ ရှောင်ကာ ဒုက္ခမှကင်းဝေးအောင်ကြိုးစားလိုက်ရသည်။
"အမေ"
"သမီးတို့ကဒီအချိန်ကြီးဘယ်သွားကြမလို့လဲ"
ပြောလာပုံမှာသူစိမ်းအိမ်ကားထဲက ထွန်းအိန္ဒြာဗိုလ်ပုံစံတိုင်းပင်။
"ဟာ အမေရယ်အဲ့တာကြောင့်မြန်မာကားလျော့ကြည့်လို့ပြောတာ ဘယ်သွားရမှာလဲမနက်စာသွားစားမလို့ပေါ့ဗျ"
"အေးပါဟယ်နင်ကလည်း ငါဇာတ်ကားကြည့်တာပဲအပြစ်ပြောနေ သွားသွား မြန်မြန်ပြန်လာပြီး အအေးကတ်တွေသွားဝယ်ပေးအုံး"
"ဟုတ်ကဲ့ပါဗျာ"
ဒီ feeling ကို နေကြီးရောခင်ကြီးရော အိမ်မှာကုန်စုံဆိုင်ဖွင့်ထားတဲ့အတွက်သိပါသည်။
"အန်တီ ချော ဒါဆိုခွင့်ပြုပါအုံးဗျ"
"အေးအေးသမီး"
နေကြီးလဲဒီတစ်ခါတော့သူ့ဆိုင်ကယ်မထုတ်နေတော့ပဲ ခင်ကြီးဆိုင်ကယ်နောက်မှသာလိုက်လာသည်။ထိုမှသာငမ်းလို့ကောင်းမည် ဟိုကမောင်းသူကနောက်ကငမ်းမည်။
"ဟျောင့် မင်းဟာကဘယ်နားမှာလဲဟ"
"ဟိုဟာလေ ဒီတစ်လမ်းကျော်တင်"
"ဪအေးအေး"
နေကြီးလဲခင်ကြီးနောက်မှလိုက်လာရာမှ
"ဟိုအိမ်ဟိုအိမ် အရှေ့ကသစ်သားအိမ်နှစ်ထပ်အိမ် သူကအဲ့ဒီအိမ်အပေါ်ထပ်မှာသင်တာတဲ့"
နေကြီးသေချာကြည့်လိုက်မိတော့
"ခွေးသားလေး မင်းပြောတဲ့အိမ်ဘေးကဒေါ်ရည်မွန်ခအိမ်ဟ"
"ဟ ဆရာမကအဲ့မှာနေတာလား"
"အေးသူတစ်ယောက်ထဲ သူကမိဘတွေမရှိတော့ဘူး ညဘက်ကျရင်တော့တူမလေးတစ်ယောက်အဖော်လာလာအိပ်ပေးတယ်တဲ့"
"အဲ့တော့လဲဘာဖြစ်လဲနေကြီးရယ် နှစ်ယောက်လုံးငမ်းလို့ရတာပေါ့"
"အေးဟ ဒါပင်မဲ့ အရမ်းကပ်လွန်းတယ် သိပ်ငမ်းဖို့အချိန်မရဘူး မင်းအရှိန်လျော့မောင်း ငါစမ်းငမ်းကြည့်မယ်"
YOU ARE READING
𝘈𝘱𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦 𝘛𝘩𝘦 𝘍𝘭𝘰𝘸𝘦𝘳 𝘠𝘰𝘶 𝘞𝘦𝘢𝘳
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...
အပိုင်း(၉)
Start from the beginning