အစ်ကို​​ရှောင်းက လူငြိမ်က​လေးဆို​ပေမယ့် သူငယ်ချင်းအ​ပေါင်းအသင်းအရမ်း​ကောင်း​တော့ ထမင်းစားချိန်​တွေဆိုရင်​တော့​ခြေငြိမ်လေ့မရှိဘူး။

ဒီအခါ တယွမ်ကိုအားကိုးရတတ်တယ်။ ​ပြောခဲ့သလိုတယွမ်က​အတန်း​ခေါင်း​ဆောင်​လေ။ ​နောက်ပြီး တအားဦး​ဆောင်နိုင်စွမ်းမြင့်တယ်ဗျ။ သူကကျွန်​တော်တို့နဲ့ပဲ​ပေါင်းပြီး စာ​တော်တဲ့သူဆို​ပေမယ့် မာနမထား​တော့တခြားအတန်းသား​တွေနဲ့ ကျွန်​တော်တို့ထက်ပိုရင်းနှီးတယ်။ တစ်ခုခုလိုချင် သိချင်ပြီဆိုရင် တယွမ်ကိုအားကိုးလို့ရ​နေ​တော့ အတန်းသား​တွေကလည်းတယွမ်ကိုခင်ကြတယ်။

ဒီအခါ တယွမ်သာ မင်းတို့ အစ်ကို​ရှောင်းကျန့်ကို ​တွေ့မိ​သေးလားလို့ ​လမ်းမှာ​တွေ့တဲ့အတန်း​ဖော်တစ်​ယောက်​ယောက်ကို​ကောက်​မေးလိုက်ရင် ဘယ်သူကမှသံသယမဖြစ်​ဘဲ​ပြောပြကြလိမ့်မယ်။ အနည်းဆုံး ဆရာမ​တွေရှာခိုင်းတာလို့ပဲထင်သွားတတ်ကြတာဗျ။ အဲ့ဒီ​တော့ တယွမ်တစ်​​ယောက်ကိုရထားတာ ကျွန်​တော့်အတွက်အရမ်းအဆင်​ပြေပါတယ်။

​နောက်ပြီးတယွမ်က ကျွန်​တော့်အုပ်စုထဲအငယ်ဆုံး။ အငယ်ဆုံးဆို​တာ​တောင် တအားအားကိုး​နေရ​သောပါပဲ။ သူကအခု၁၃ပြည့်ကာနီး။
စီလုံက​တော့အကြီးဆုံးဗျ။ ကျွန်​တော့်ထက်၃လကြီးတယ်။ ကျွန်​တော်က​တော့ ၁၃ပြည့်ပြီးတာ ၁လပဲရှိပါ​သေးတယ်။

ပြန်​တွေးကြည့်ရင် ကျွန်​တော်အစ်ကို​ရှောင်းကိုစ​တွေ့တာ ကျွန်​တော့်အသက်၁၁နှစ်မှာ​လေ။ အစ်ကို​ရှောင်းကလက်ရှိ၁၆နှစ်ဆို​တော့ အဲ့တုန်းက၁၄နှစ်​နေမှာ​ပေါ့။
ကျွန်​တော်တို့ဘက်မှာက အသက်၇နှစ်ပြည့်မှ မူလတန်းစတက်ရတာ။

အဲ့ဒီတုန်းက ကျွန်​တော်ကမူလတန်း​အောင်ကာစ​​လေ။ နည်းနည်းက​လေးဆန်​သေးတယ်​ပြောရမယ့်အရွယ်ဗျ။ အရပ်လည်းမရှည်​သေးဘူး။ နည်းနည်းညက်တယ်။​နောက်ပြီး စိတ်ခံစားလွယ်တဲ့အရွယ်လို့ပဲပြောရမှာပဲ။

ဟုန်း​ပေါင်ရှီမှာ ပထမဆုံးအကြိမ်ကိုယ်တိုင်မုန့်လာစားတုန်း​က​ပေါ့။ ဟုန်း​ပေါင်ရှီမှာ ၅ယွမ်တန်​ဒိန်ချဥ်​ရေခဲမုန့်ရတယ်ဗျ။ အဲ့ဒီ​ရေခဲမုန့်ကကျွန်​တော်တို့​ကျောင်းမှာတအားနာမည်ကြီးတာ။ မိဘဆရာစုံညီပွဲတုန်းက မာမား​ကျောင်းကိုလာတုန်းဝယ်​ကျွေးသွား​တော့ တစ်ခါ​တော့စားဖူးတယ်။ အဲ့မှာအရမ်းကြိုက်သွားတာ​။ ​

SUNSHINE DAISYWhere stories live. Discover now