3

409 86 15
                                    

"အား​ပေါ် အား​​ပေါ်​ရေ..အထုပ်​တွေသယ်ကူပါဦး"

စာ​ရေးလက်စကိုချပြီး ကျွန်​တော်အ​ပြေးသွားလိုက်တယ်။
အိပ်ခန်းတံခါးကိုဖွင့်ဖွင့်ချင်း လှမ်းမြင်လိုက်ရတာက ခြံ​ရှေ့က ကူကူးကိုပါပဲ။

အထုပ်အပိုး​တွေတနင့်တပိုးနဲ့ကူကူးက ​စျေးကပြန်လာတာ ​သေချာတယ်။ ဒီ​နေ့ကတနင်္ဂ​နွေ​နေ့​လေ။ ကူကူးကတနင်္ဂ​နွေ​နေ့တိုင်း အိမ်အတွက်တစ်ပါတ်တစ်ခါ တစ်ပါတ်စာ​စျေးထွက်ဝယ်​နေကြ။

ကူကူးကပါပါးညီမ​လေ။ ကျွန်​တော်တို့ရဲ့ဒေါ်​​လေးပေါ့။ အိမ်မှာပဲ​နေလာတာကျွန်​တော့်တစ်သက်နီးပါးပဲ။ အိမ်ကို​စောင့်​ရှောက်ဖို့မိန်းမသားလိုတာမို့ ကူကူးကအိမ်​ထောင်မပြုဘဲကျွန်​တော်တို့နဲ့ပဲ​နေပါတယ်။

ကူကူးအသံကြားလို့ထင်တယ်။ ဒါမှမဟုတ် ကျွန်​တော်ထွက်လာသံကြားလို့ပဲလား။ အိပ်ယာကထလာပြီး ဆံပင်စုတ်ဖွားနဲ့ထိုင်​နေတဲ့ရှင်းရှင်းက အိမ်အ​ပေါက်ဝ​တည့်တည့်ကဘာဂျာတံခါး​ရှေ့ ငုတ်​တုတ်လေး။

"ဟိုဘက်တိုး"

မတုန်မလှုပ်နဲ့ ညီမအ​သေးငယ်က ကျွန်​တော့်စကားဆိုနား​ထောင်တယ်ဗျ။ ​နောက်ပြီးနဂိုတည်းက ငြိမ်ငြိမ်​လေး​နေတတ်တာလည်းပါပါမယ်။ ဘယ်တုန်းကမှနှစ်ခါမ​ပြောခဲ့ရဘူး။

အခုလည်း ဖယ်ခိုင်း​တော့ ချက်ချင်း​လေးဘက်​ထောက်​​လေးရွှေ့သွားတဲ့ ရှင်းရှင်းက တစ်ဖက်​နေရာလွတ်မှာ ထိုင်​နေပြန်တာ​ဆောင့်​ကြောင့်​လေး။ လက်က​လေး​ကနှစ်ဖက်ကိုထောင်​နေတဲ့ဒူး​​လေး​တွေ​ပေါ်တင်ထား​သေးတာ။ ချစ်စရာ​ကောင်းတယ်လို့​တွေးမိ​ပေမယ့် ကိုယ့်ညီမအရင်း​ခေါက်​ခေါက်ဖြစ်​နေတဲ့အပြင် အမြဲ​တွေ့​နေကြမို့ ထူးပြီး​ပြောပြမ​နေဖြစ်ပါဘူး။ ​နောက်ပြီး ကူကူး​စောင့်​နေတာကြာမှာစိုးတာမို့ အမြန်တံခါးသွားဖွင့်​ပေးရတာ​ကြောင့်​။

အလုပ်တအားကြိုးစားတဲ့ပါပါးက ဘယ်​တော့မှအိမ်ကပ်တယ်လို့မရှိဘူး။
သူ့ကို​တွေ့ချင်ရင် ညစာစားတဲ့အချိန်​လေးနဲ့ လွတ်လပ်​ရေး​နေ့လို အစိုးရအတိအလင်းရုံးပိတ်ရက်​တွေမှာပဲ ​တွေ့ရတတ်တယ်။

SUNSHINE DAISYWhere stories live. Discover now