ရာသီဥတုသည်​အုံ့မှိုင်း​နေ​သော်​လည်းယခင်​ရက်​​တွေ​လောက်​​အေးမ​နေမှန်း​ဆော့ဂျင်​သတိထားမိသည်​။ဦး​ရီးရှာ​ဖွေ​ရန်​ပြင်​ထား​သောသစ်​ဥ​တွေကိုသူလိုက်​ရှာရန်​အ​တွေးဝင်​ခဲ့ဖြစ်​သည်​။ကြင်​လင်​​သောအသားအရည်​သည်​ ​တောအုပ်​အတွင်းအ​ရောင်​လက်​သည်​။မြင်​သူမှန်​သမျှ မျက်​ဝန်းထဲစွဲသွား​လောက်​သည့်​စွဲ​ဆောင်​မှုမျိုးဖြစ်​သည်​။

သူသစ်​ဥကိုသာအာရုံစိုက်​၍ ​လျှောက်​လာရင်း ​သစ်​ပင်​အုံ့ဆိုင်းဆိုင်းများနှင့်​ ​ကျောက်​တုံးခပ်​ကြီးကြီးများရှိရာသို့​ရောက်​လာခဲ့သည်​။သတိတရှိ​နေရန်​​တော့သူ​မေ့​မေ့​လျော့​လျော့ဖြစ်​​နေစဉ်​...

"ဟိတ်​...တိုးတိုး .."

လက်​​မောင်းမှတစ်​ဆင့်​​ဆောင့်​အဆွဲခံလိုက်​ရသည်​။ထို့​နောက်​ ရင်​ခွင်​ခပ်​ကျယ်​ကျယ်​အတွင်း...ကိုယ်​​ငွေ့​တွေ..ခပ်​သြသြအမိန့်​သံ​တွေ..သူ့တစ်​ကိုယ်​တုန်​ခနဲဖြစ်​သွားရပြီး​နောက်​ ​ကျောက်​တုံးတစ်​ခု​အ​နောက်​သို့အတူတိမ်းခိုခြင်းခံလိုက်​ရသည်​။

"တိတ်​တိတ်​​နေ..."

မြန်​ဆန်​လွန်း​သောအထိအ​တွေ့များ၊အဖြစ်​အပျက်​များကြားတွင်​ ​ဆော့ဂျင်​​ခေါင်းကိုသာငုံ့ထားမိပြီး သူ့ကိုထိန်းချုပ်​ထား​သောလူအား​​မော့ကြည့်​ရန်​​မေ့​လျော့သည်​။နှုတ်​မှသည်​လည်းဘယ်​လို​တွေမှန်းအကဲမခတ်​မိတာ​တောင်​မှ ​ရေငုံနှုတ်​ပိတ်​​နေခဲ့သည်​။သာမာန်​မဟုတ်​ဘူး...သူ့စိတ်​ထဲတွင်​သာမာန်​ဖြစ်​မ​နေ၍ ​မော့ကြည့်​မိချိန်​တွင်​ စူးရှ​နေ​သောအပြာ​ရောင်​မျက်​ဝန်း​တွေကိုမြင်​လိုက်​ရသည်​။

ဆော့ဂျင်​အာရုံ​ကြော​သွေး​ကြော​တွေအထိ​ပြောင်းပြန်​ဖြစ်​သွားသလိုခံစားလိုက်​ရသည်​။သေချာ​ပေါက်​...​သေချာ​ပေါက်​ကင်​မ်​နမ်​ဂျွန်း..ထိုအပြာ​ရောင်​မျက်​ဝန်း​တွေကိုပိုင်​ဆိုင်​ထားသူသည်​ ဧကန်​တစ်​ဦးတည်းဖြစ်​သည်​။သူသွက်​သွက်​ခါ​အောင်​မုန်းရ​သော...နှစ်​​ပေါင်းများစွာ​စောင့်​ဆိုင်း​နေခဲ့​သော...။

BLUE BLOOD { NamJin } Completed !!!Donde viven las historias. Descúbrelo ahora