သားငယ်လေးက အရမ်း ဝမ်းနည်းနေပုံပင် သူတို့လင်မယား နှစ်ယောက်လုံး နှစ်သိမ့်တောင် ငိုမြဲ ငိုနေဆဲ




နေ့တစ်နေ့ရဲ့ အစပြုရာ သည် ကလေးငယ်

ကိုယ့်ရဲ့နေ့ လ ည ကြယ် အရာရာ ကလေးငယ်

ဒီနေ့က ကလေးငယ်နဲ့ တော်ဝင်တို့ရဲ့ ‌တစ်နှစ်ပြည့်လေး

လုပ်စရာလေးတွေ ရှိနေသေး‌သညိကြောင့် ကလေးငယ်လေးနဖူးအား နမ်းကာ ပြင်ဆင်ဖို့ ထွက်လာခဲ့တော့သည်

ကြွေ daddy ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းမိပါရဲ့

မနက်10ပင်မထိုးသေးသော်လည်း ညအချိန်မှ ပြန်လာမည့် ချစ်ရသူအား စောင့်ဆိုင်းမိပါရဲ့

" ကြွေ အကို့ကို အကျီရွေးမို့ လိုက်ကူအုံး "

ကိုယ့်ကို ကောင်ယေးက ဘေးနား မရှိလို့ feelနေပါတယ်ဆို အဝတ်လိုက်ရွေးကူတဲ့

ဟွန့်

လိုက်သွားအုံးမယ်

" လာ သွားမယ် ခဏ အကျီလေးလဲ လိုက်အုံးမယ် "

နှစ်ယောက်သား  အဝတ်အစားတွေလဲပြီး

Mallကိုရောက်တော့ ဆိုင်က အမတေက  လိုက်ပြပါရဲ့  အကိုရှိုင်းကလဲ ဝယ်ချင်တာ ဝယ်လို့ ပြောပါရဲ့ သို့သော် ချစ်ရသူကို လွမ်းလို့ပဲလား စိတ်ဆိုးချင်နေလို့ပဲလား ဘယ်အရာမှ စိတ်ထဲ အဆင်မ‌‌ပြေ‌နေဖူး


"အယ် ကြွေလေး ဒါလေးလှတယ် ဝတ်ကြည့်  သွား "

အကိုရှိုင်း အဝတ်ရွေးတာ ကြည့်နေတုန်း ‌ကြွေ့အား အဝတ်ပေးလာသည်မို့ စိတ်ကျေနပ်စေရန်သာ ဝတ်ပေးလိုက်တော့သည်

အကျီလေးက အဖြူလေး ‌ဘောင်းဘီက အစ အဖြူ ရောင်သန်းနေတာ

အကိုရှိုင်းကသာ ကြွေ့အား အဝတ်ပြင်ပေးနေတာ ကြွေကတော့ တစ်ချက်ပဲ ကြည့်ပြီး ခေါင်းပြန်ငုံ့နေရဲ့

အကယ်၍များ ကြွေရောင်ဝါဆို တဲ့ လူသားလေးက ဝတ်စုံနှင့် သူ့အား ပြင်ဆင်ပေးနေသော လူသားအား သေချာ ကြည့်လျှင်

ပြုံးပျော်နေ၍ ဝတ်စုံလေးက အဘယ်ကြောင့် အဖြူ ဖြစ်နေသည်ကို သတိထားမိနိုင်မလား

"ကဲ ကြွေလေး ဒါပဲ ဝတ်ခဲ့တော့ လိုက်တယ်  "

"အင်း ပါ"

ကြွေ တကယ် ဘာမှ မလုပ်ချင်တော့ တွေ့ချင်တဲ့လူကလည်း မရှိ ကြားချင်တဲ့ အသံလေးကလည်း မကြားရ အရင်လို အနမ်းပေးမဲ့သူကလည်း မရှိ  မျက်နှာညိုးရင် ပြာပြာသလဲ ဂရုစိုက်တတ်တဲ့ လူကလဲမရှိ
ဘာမှ ကို စိတ်ထဲမရှိ ငိုချင်တာပဲ သိတယ်

အဝတ်အစား ရွေးပြီးတော့ ဘာခြံဆိုလား ‌သွားမယ်ဆို ပါသွားပြန်ပြီ

သာသာရဲ့ ကြွေငယ်လေးကို ကြိုက်နှစ်သက်လျှင် votes or comments ❤️✍️❤️ သာသာမနေ့က နေမကောင်းလို့ မအပ်တာပါနော်

ကြွေငယ်( Complete ❤)Where stories live. Discover now