အခန်း(၇၆)

Comincia dall'inizio
                                    

အဆုံးတွင် ဝမ်ရွှမ်သည် ကျန်းရီ၏ လက်ကို ရှော
င်တိမ်းလိုက်သည်။အဘယ်ကြောင့်ဆိုသော် အ
ထိအတွေ့တစ်ချက်ကပင် သူတောင့်ခံထားသမျှ ခုခံမှုအားလုံးကို ဖြိုဖျက်သွားနိုင်ခြင်းကြောင့်ပ
င်။ထို့ကြောင့် ခြေတစ်လှမ်းဆုတ်ပြီး ကလေးမလေး၏ အရှေ့တွင် ခေါင်းမာမာဖြင့် မလှုပ်မယှ
က် ဆက်ရပ်နေခဲ့သည်။

ကျန်းရီ၏ လက်ချောင်းများသည် လေထဲ၌ တောင့်တင်းသွားရသည်။ခဏအကြာတွင် လက်ကို ပြ
န်ရုတ်ပြီးအံကြိတ်လေသည်။သူ့အမူအရာဟာ ယ
ခင်ကထက် ပို၍ ဂယောက်ဂယက်ဖြစ်စပြုလာသ
ည်။

"ရှစ်ရှုန်း၊ အရှေ့ကနေ အခုချက်ချင်း ဖယ်ပေး!"

ဝမ်ရွှမ်က ကျန်းရီ၏ လူသတ်မည့် ရည်ရွယ်ချက်ကို လက်လျော့ရန် တားဆီးသည်။

"ဖယ်ပေးလို့ပြောနေတယ်လေ ဖယ်ပေး! ဖယ်ပေးဗျာ!"

ကျန်းရီ၏ အသံသည် ဆူပွက်နေသော ဒေါသများကြောင့် ပေါက်ကွဲထွက်တော့မည့်အလား ကျ
ယ်လောင်လာခဲ့သည်။

"လူတိုင်းကို အဲ့လောက်တောင် ကာကွယ်ပေးချင်နေတယ်ပေါ့ ဟမ်?အစ်ကို ကာကွယ်ပေးရလော
က်တဲ့အထိ ထိုက်တန်တဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိဘူးဆိုတာ သိထား!အစ်ကို့ဘဝရဲ့ အခက်ခဲဆုံးအချိန်မှာ ဘယ်သူကများ ကူညီပေးခဲ့လို့လဲ!"

ကျန်းရီ၏ မျက်ဝန်းများဟာ သွေးချင်းချင်းနီလာခဲ့သည်။ဝမ်ရွှမ့် ကမ္ဘာတွင် သူတစ်ဦးတည်းသာ ရှိသည်ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မှ
တ်ယူခဲ့သည်။သို့ပေမဲ့ မမျှော်လင့်ဘဲ အပြင်လူများလည်း ရောက်လာကြသည်။မည်သူမည်ဝါဖြ
စ်နေပါစေ သူမဟုတ်သော အပြင်လူတိုင်းသည် ဝမ်ရွှမ့် ဘဝကို ဖျက်ဆီးပစ်မည့် လူယုတ်မာများသာ။

ကျန်းရီသည် လက်ဖဝါးအောက်သို့ ဝိဥာဥ်စွမ်းအ
င် ဆင့်ခေါ်ပြီး ဝမ်ရွှမ့်ကို တွန်းထုတ်၍ ကလေးမလေးကို သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။

သူဟာ ဝမ်ရွှမ့်နှင့် မတူ၊ဝမ်ရွှမ့်လို လူစားမျိုး မဟု
တ်။ဝမ်ရွှမ့် အနောက်မှ ကလေးမလေးတွင် အပြ
စ်ရှိ၊ မရှိကိုလည်း မတွေးချင်။သူ(မ)က ချိန်ကိုက်
ဗုံးတစ်လုံးနှင့် ဆင်တူလှသည်။သူ(မ)ကို သတ်ဖြ
တ်ရန် ကြိုးစားနေသော သူ့အပြုအမူကို ဝမ်ရွှမ် စိတ်ဆိုးလျှင်တောင်၊သူအတွက်ကမူ ချိန်ကိုက်ဗုံးတစ်လုံးဖြစ်နေရုံဖြင့် သတ်ဖြတ်ပစ်ရန် အကြော
င်းအရင်း ခိုင်လုံပေသည်။နောင်တွင် ဝမ်ရွှမ့်ကို အန္တရာယ်ပြုနိုင်သော ဘယ်အရာမဆို သူ အလွ
တ်ပေးလိမ့်မည် မဟုတ်ပေ။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Dove le storie prendono vita. Scoprilo ora