အခန်း (၂၁)(၁)

2.2K 462 16
                                    

စက္ကန့်ပိုင်းအတွင်းကျန်းရီအလွန်ထိတ်လန့်
သွားပြီးသူ့နှလုံးသားလေးသည်လည်ပင်းမှ
တစ်ဆင့်အပြင်သို့ကန်ထွက်သွားသကဲ့သို့
ပင်။အထိတ်တလန့်ဖြစ်မှုကြောင့်သူ့လက်ကို
လည်းမည်သည့်နေရာတွင်ထားသင့်မှန်းမသိ
တော့ချေ။ဝမ်ရွှမ်ကယခုအထိသူ့ပွေ့ဖက်မှု
တွင်မှီနေဆဲဖြစ်၏။ထို့နောက်ကျန်းရီ၏မျက်
ဝန်းများကိုတည့်တည့်ကြည့်ရန်လက်နှစ်ဖက်
ဖြင့်ရင်ခွင်ကိုအနည်းငယ်တွန်းထွက်လိုက်လေသည်။

"ဆရာတူညီလေးကျန်း?"

အတန်ငယ်ကြာပြီးနောက် ဝမ်ရွှမ်ထံမှအနည်း
ငယ်စိတ်ရှုပ်ထွေးနေသောအသံထွက်လာခဲ့
သည်။

ထိုစိတ်ရှုပ်ထွေးနေသောအသံကကျန်းရီ၏
နှလုံးသားကိုရုတ်တရက်သက်သာရာရသွား
စေခဲ့သည်။ကံကောင်းသောအချက်သည်
ကား ဝမ်ရွှမ်ကမျက်လုံးများဖွင့်ထားသော်
လည်းအသိစိတ်တစ်ဝက်သာရှိသေးသောအ
နေအထားမျိုးဖြစ်၏။

"ကျွန်တော်ပါ"

ကျန်းရီအလျင်အမြန်ခေါင်းညိတ်ပြလိုက်
သည်။

ဝမ်ရွှမ်ကသူ့လက်ကိုဆုပ်ကိုင်ရင်းစိတ်သက်
သာရာရသွားသောအမူအရာမျိုးပေါ်လာခဲ့
သည်။ထို့နောက်ကျန်းရီ့ရင်ခွင်ထဲတွင်မျက်
လုံးများကိုပိတ်လိုက်၏။သို့သော် ဤတစ်ကြိမ်တွင်တော့ပြန်အိပ်မပျော်ခဲ့ပေ။အဲ့ဒီအ
စားဝမ်ရွှမ်ကတိုးညှင်းသောအသံဖြင့်ပြန်ပြော
ပြခဲ့သည်။

"ငါအိပ်မက်တစ်ခုမက်ခဲ့တယ်"

...........အဲ့တာကအိပ်မက်ဆိုးပဲမဟုတ်လား?

ကျန်းရီကဝမ်ရွှမ့်လက်ဖဝါးကိုပြန်ဆုပ်ကိုင်
လိုက်၏။တွန့်ကွေးနေသာဝမ်ရွှမ့်မျက်ခုံးများ
အကြောင်းတွေးရင်းနှုတ်ဆိတ်နေမိပြီးဘာ
စကားတစ်ခွန်းမှပြန်မပြောနိုင်ခဲ့ပေ။

"အိပ်မက်ထဲမှာအနီရောင်တွေအများကြီးပဲ..."

ဝမ်ရွှမ်ကတိုးညှင်းစွာဖြည်းဖြည်းချင်းဆက်
ပြောလာခဲ့သည်။

"အပေါ်ကနေငါ့အပေါ်ကိုကျလာတဲ့အရာတစ်
ခုရှိတယ် အရမ်း...အရမ်းလေးတယ် နောက်
ထပ်တစ်ခုခုစီးကျလာတာလည်းရှိတယ် ခပ်စူးစူးအနံ့ရှိပြီးနွေးလည်းနွေးတယ် နီပျစ်ပျစ်တွေ ..ပြီးတော့စေးကပ်ကပ်နဲ့...."

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now