အခန်း(၇၆)

Bắt đầu từ đầu
                                    

"ဘာဖြစ်လို့ ဒီအထိ ထွက်လာတာလဲ? ဂူထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား?"

ကျန်းရီသည် ဝမ်ရွှမ့် အနောက်မှ ကလေးမလေးကို မုန်းတီးစွာ စိုက်ကြည့်၏။

"သူ အစ်ကို့ကို အပြင်လွှတ်ပေးခဲ့တာလား?"

ကျန်းရီ၏ မျက်ဝန်းထဲမှ လူသတ်လိုသော အငွေ့
အသက်များဟာ လျော့ပါးသွားခြင်း မရှိဘဲ၊ပို၍ လောင်ကျွမ်းလာခဲ့သည်။

"ကျွန်တော် အရင်တုန်းက ပြောခဲ့တဲ့ စကားတွေကို မေ့သွားပြီလား? ရှစ်ရှုန်း အခု ဒီနားမှာ ဘယ်သူမှ မရှိဘူး။ကျွန်တော့်အနားကို အမြန်ပြန်လာခဲ့ပါဗျာ။ကျန်တာတွေကို ဂရုမစိုက်နဲ့။ကျွန်တော် အစ်ကို့ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်..."

ကျန်းရီက သို့နှယ် နှစ်သိမ့်ပေးရင်း အရှေ့သို့ ဖြ
ည်းဖြည်းချင်း တိုးလာခဲ့သည်။ထို့နောက် ဝမ်ရွှမ့် ကိုယ်ပေါ်မှ အမွေးများကို ပွတ်သပ်၍ ချော့မော့ရန် လက်ဆန့်ထုတ်လာ၏။

ဝမ်ရွှမ်သည် ကျန်းရီ၏ လက်ဖဝါးကို စိုက်ကြည့်ရင်း ထိုလက်အစုံတွင် မည်သို့သော နွေးထွေးမှုမျိုး ကိန်းအောင်းနေသည်ကို ကောင်းစွာ သိထားသည့်အလျောက် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျ
က်၊သူ့ဘဝ၏ တစ်ခုတည်းသော အလင်းရောင်လေးကို ထပ်မံ အရှုံးပေးချင်လာရပြန်သည်။

သို့သော် ကျန်းရီတွင် လူသတ်ရန် ရည်ရွယ်ချက်ရှိနေဆဲဖြစ်ပြီး နောက်တစ်ကြိမ် လူမသတ်ခင်တွင် ဝမ်ရွှမ့်ကို အဝေးသို့ ပ,ထုတ်နေခြင်းဖြစ်ကြောင်း သူမှလွဲ၍ မည်သူကများ မှန်းဆနိုင်ပါအံ့။

ဝမ်ရွှမ်သာ အရှုံးပေးလိုက်လျှင် အပြစ်မဲ့သော မိ
န်းမငယ်လေးတစ်ဦး သေဆုံးရပေလိမ့်မည်။ထို့အပြင် အပြစ်မဲ့သူကို သတ်ဖြတ်လိုက်သူသည် သူအယုံကြည်ရဆုံးသော ကျန်းရှစ်တိဖြစ်နေမည့်အပြင် 'ဒါတွေအားလုံး အစ်ကို့အတွက်' ဟူသော အကြောင်းပြချက်ကြောင့် တစ်ဘဝစာလုံး ပြန်ဖြောင့်မတ်၍ မရတော့သော လမ်းမှားသို့ ရောက်
သွားပေတော့မည်။၎င်းအဖြစ်မျိုးကို ဝမ်ရွှမ် ဘ
ယ်သောအခါမှ အဖြစ်ခံမည် မဟုတ်သလို ဖြစ်ခွင့်လည်းပေးမည် မဟုတ်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ