"ဒါကြောင့် မင်းတို့တွေ အခန်းအတူတူသုံးမှရမယ်"
"ဗျာ"
ဒီတစ်ခါ အသံထွက်လာတာကတော့ ဂယူဘင်မဟုတ်တော့ ယူဂျင်းပင် ယူဂျင်းဘယ်လိုလုပ်ပြီး ဂယူဘင်နဲ့ အတူတူတစ်ခန်းတည်းသုံးနိုင်မည်နည်း ငယ်တုန်းက ကိစ္စမရှိပေမဲ့ အခုက ဂယူဘင့်အပေါ်ထားတဲ့ ယူဂျင်းရဲ့ မေတ္တာတရားတွေကိုလည်း ရိပ်မိနေတဲ့ အချိန်ကျမှလေ
"ကလေးတွေ ဘယ်လိုတွေဖြစ်နေကျတာလဲ တဗျာဗျာနဲ့"
"hyung ကျွန်တော် hyung နဲ့အတူတူ တစ်ခန်းသုံးမယ်လေ ရတယ်ဟုတ်"
"ယူဂျင်းကလည်းကွာ ငါနဲ့ပဲသုံးပါ မင်းကိုငါ့က ဘာလုပ်မှာကျလို့ ကြောက်နေရအောင်"
"ပြောမရဘူးလေ မင်းကညဘက် ယူဂျင်းကို ခေါင်းအုံးနဲ့ဖိသတ်နေရင်ဘယ်လိုလုပ်မလဲ"
"သေတော့မယ်မင်း...အိုက်ဂူးငါနဲ့ရန်မဖြစ်ရတာကြာတော့ လွမ်းနေတာလား လာပါဦး ဘေဘီလေးရဲ့"
"ချီးကို ဘေဘီလေး"
ရစ်ကီနဲ့ဂယူဘင်ကိုကြည့်ရင်း ထယ်ရယ်တို့ သဘောကျစွာ ရယ်လိုက်ကျ၏ ပြီးတော့
ရစ်ကီရဲ့ ထိုကဲ့သို့သော အပြုံးတွေကို
ထယ်ရယ်မတွေ့ရတာ ဘယ်လောက်တောင်ကြာခဲ့သလဲ~
"ဟန်နီ"
"မောင် ဘယ်ကနေဘယ်လို"
ဟာအိုရဲ့ ရုံးကိုလိုက်လာတဲ့ မောင့်ကြောင့် ဟာအိုအနည်းငယ်ပြုံးလိုက်မိ၏
"ဟန်နီ့ကိုလွမ်းလို့လေ"
"မောင်ကလည်းကွာ"
"အဟား"
တကယ့်ကို မောင်ကလူနောက်လေး
"မနက်က တကယ်ဆောတီးနော် အလုပ်ကလူတွေက ခေါ်နေကျတော့ မောင်အမြန်သွားလိုက်ရတာ ဟန်နီ့ကိုတောင် လိုက်မပို့လိုက်ရဘူး"
"ရပါတယ် မောင်ရယ် ဟန်နီနားလည်ပါတယ်"
"မောင့်အသက်လေးက တကယ့်ကိုအကောင်းဆုံးပဲ"
မောင့်ကြောင့် ဟာအိုမှာ ဘယ်နှစ်ခါမြောက်မှန်းမသိ ပြုံးနေမိတော့တယ် မောင်က ဟာအိုကိုပြုံးအောင်ပျော်အောင်လုပ်နိုင်တဲ့ လူ။
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{3}
Start from the beginning