________

ဂျီမင်း ပါမောက္ခအခန်းကိုသွားရင်း ရင်းနှီးတဲ့ ပုံရိပ်ကြောင့် ခြေလှမ်းတို့ကို အနောက်ဆုတ်ကာ လှမ်းကြည့်လိုက်တော့ အကိုဟိုဆော့ဖြစ်နေ၏ ။ ခါတိုင်းလိုပဲ တောက်လျှောက်ဘောင်းဘီအပွနဲ့ အပေါ်က ရှပ်လက်ရှည်ကို ဘောင်းဘီထဲထည့်ကာ ဝတ်ထားပြီး တံတောင်ဆစ်လောက်အထိ အင်္ကျီလက်ကိုခေါက်ထားတဲ့ အကိုဟိုဆော့က စတိုင်ကျ၏ ။

"ဂျီမင်း..."

ကျွန်တော်ကြည့်နေတာကို မြင်သွားတဲ့ အကိုက လှမ်းခေါ်လာတယ် ။ ကျွန်တော်မျက်စိတွေမှိတ်သွားသည့်အထိ ရယ်ပြကာ နှုတ်ဆက်လိုက်၏ ။

"အကို ဒီကိုဘာလာလုပ်တာလဲ "

အဆောင်ရှေ့လမ်းကနေ ကားထားတဲ့ဆီကိုလျှောက်ရင်း မေးလိုက်သည် ။

"ငါလား ...သူငယ်ချင်းစီလာလည်ရင်း ဒီက အချိန်ပိုင်းပါမောက္ခအဖြစ်အလုပ်လျှောက်မယ့်ကိစ္စကို လာတိုင်ပင်တာ "

"ကျွန်တော်တို့ကျောင်းကို ..."

ဂျီမင်း မေးလိုက်တော့ ဟိုဆော့က ခေါင်းငြိမ့်ပြကာ

"ဟုတ်တယ် ...ဒီမှာက သူငယ်ချင်းလည်းရှိပြီး ဆေးရုံနဲ့လည်း အရမ်းကြီးမဝေးဘူးဆိုတော့ အလုပ်အတွက်ရော အဆင်ပြေတယ်လေ ပြီးတော့ ဒီမှာက ဂျီမင်းလည်းရှိတော့ အဆင်ပြေတယ်လေ "

"ကျွန်တော်ရှိတာနဲ့ ဘာအဆင်ပြေရမှာလဲ "

"သွားရေးလာရေးရော ပြီးတော့ အကူအညီရော အကုန်လုံးပဲလေ...ပြီးတော့ အဓိက,က မင်းဦးလေး ...ဆော့ဂျင်က မင်းရှိတဲ့ ဒီတက္ကသိုလ်ကို အရင်ဆုံး အကြံပေးတာ မင်းကို ကြည့်ပေးမယ့်လူရှိအောင်လို့တဲ့ "

အကိုဟိုဆော့က ပြောနေရင်းနဲ့ ကားအနောက်တံခါးကိုဖွင့်ပြီး လက်ထဲကို ဗူးလေးတစ်ဗူးထည့်ပေးလာတယ် ။

"ရော့ ဘာမှမစားရသေးရင် ဒီဟာယူထားလိုက် ဆော့ဂျင်က ဒီနေ့မှ ထူးထူးခြားခြား ဆူရှီစားချင်တယ်ပြောနေလို့ နာမည်ကြီးဆိုင်ကနေ သေချာမှာထားတာ အဲ့ဒါ ငါ့အတွက်ဟာ မင်း ယူထားလိုက်"

အကိုဟိုဆော့ လက်ထဲထည့်ပေးလာတဲ့ ဆူရှီဗူးလေးက သပ်သပ်ရပ်ရပ်လေး ။အထဲမှာပါတဲ့ ဆူရှီအမျိုးအစားတွေကို ကြည့်ရုံနဲ့တင် အကိုက ဦးလေးကို တော်တော်လေးချစ်တယ်ဆိုတာ ထင်ရှားသည် ။ ကျွန်တော် ခေါင်းငြိမ့်ပြလိုက်၏ ။

Cherish Where stories live. Discover now