ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{2}

Start from the beginning
                                    

ရစ်ကီအရှေ့ကိုကြည့်မိတော့ ရစ်ကီကိုကြည့်နေတဲ့ ထယ်ရယ် အမှန်တိုင်းပြောရရင် ရစ်ကီက သိပ်လွန်တဲ့ကောင်ပဲ ဖြူစင်လှတဲ့
ထယ်ရယ့်ကို အရှုပ်ဇယားတွေထဲ ရအောင်ခေါ်ခဲ့တယ်လေ

"ယူဂျင်းတို့ ပြန်လာကျမယ်ကြားတယ်"

"တကယ်လား ဂျီဝန်း hyung ဒါဆို အခန်းအလွတ်ကမရှိတော့ဘူးလေ ဘယ်လိုလုပ်ကျမလဲ"

မက်သရူးရဲ့စကားကို ထယ်ရယ်က

"ဒီလိုလုပ်ပါလား ဂွမ်အုက ဟာအို hyung နဲ့ အတူတစ်ခန်းသုံးလိုက်လေ ကျွန်တော်က
ရစ်ကီနဲ့...."

"ရတယ် ယူဂျင်းတို့က အရင်ထဲက တစ်ခန်းထဲအတူတူသုံးတာ ဂွမ်အုကပဲ အခန်းရွှေ့ရင်ရွှေ့လိုက် ထယ်ရယ်ကတော့ ကိုယ့်အခန်းမှာပဲကိုယ်နေပါ"

"အင်း"

ဟုတ်တာပေါ့ ရစ်ကီပြောတာသိပ်မှန်တာပေါ့ ထယ်ရယ်က ရစ်ကီနဲ့အခန်းအတူတူသုံးလောက်ရတဲ့အထိ ချစ်ကျတဲ့ချစ်သူတွေမှမဟုတ်ဘဲ

အရင်ကလို ပြန်လည်တိတ်ဆိတ်သွားတဲ့ ဒီထမင်းဝိုင်း ထိုတိတ်ဆိတ်မှုကို ပြန်လည်ဖြိုခွဲလိုက်တာက မက်သရူး

"ထယ်ရယ် ငါတို့ဒီနေ့ အဝတ်တွေအတူသွားဝယ်မယ်ဆိုတာလေ မှတ်မိတယ်မဟုတ်လား"

"ဟမ်....အင်းဟုတ်တယ်"

မက်သရူးက ထယ်ရယ်မျက်နှာပျက်သွားတာကို မြင်တယ်ထင်ပါရဲ့ ဘယ်တုန်းကမှ မပြောဘူးတဲ့ စကားကိုဝင်ကာပြောလာ၏

"ဒါဆို သွားရအောင်လေ...ကျွန်တော်တို့ အရင်ဆုံးသွားနှင့်ပြီနော်"

"ထယ်ရယ် အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်"

ကားပေါ်ရောက်တာနဲ့ မက်သရူးက ထယ်ရယ့်ကို စကားစလာ၏ မက်သရူးက ထယ်ရယ်နဲ့အရင်းနှီးဆုံးလူ ထယ်ရယ် ဒီကိုရောက်လာစထဲက မက်သရူးကပဲ အဖော်ပြုပေးခဲ့တာ

"ငါတို့က မချစ်သင့်တဲ့သူကိုမှ ရွေးချစ်ခဲ့တာပဲ ရစ်ကီက တကယ်မမိုက်လိုက်တာ"

"အဲ့လိုလည်း မဟုတ်ပါဘူး"

"မင်းကိုပြန်ကြည့်ရတာ ငါ့ကိုပြန်ကြည့်နေရသလိုပဲ"

"အဟား"

မက်သရူးနဲ့တွေ့မှ ထယ်ရယ်လည်း လွတ်လပ်လွတ်လပ် ရယ်မောနိုင်ခဲ့တော့၏

"young people fall in love with the wrong people sometimes"

မက်သရူးရဲ့ ကားပေါ်က ထွက်လာတဲ့ ထိုသီချင်းသံကြောင့် ထယ်ရယ်တို့နှစ်ယောက်သား သဘောကျစွာ ရယ်ခဲ့ကျသေးတယ် ဟုတ်‌တာပေါ့ ကျွန်တော်တို့က မချစ်သင့်တဲ့သူတွေကိုချစ်နေကျတာ

~

"ဟာအို hyung ကျွန်တော်လိုက်ပို့ပေးမယ် တက်"

Bus stop မှာထိုင်နေတဲ့ ဟာအို hyung ဒီတစ်ခေါက်လည်း သူ့မောင်ဆိုသည့် သူ့က သူ့ကိုမခေါ်သွားဘူးထင်ပါရဲ့

"တက်လေဗျာ"

"မတက်ဘူး"

"ဟာဗျာ အနောက်မှာ ကားတွေရပ်စောင့်နေရတာနော် မြန်မြန်တက် အားနာစရာဖြစ်အောင်မလုပ်နဲ့"

တကယ့်ကို တဇွတ်ထိုးလုပ်တဲ့ ဆောင်းဟန်ဘင်း ဆိုတဲ့ကောင်လေးပါပဲ အခုလည်း အနောက်က ကားတွေရဲ့ ဟွန်းတီးသံများနဲ့ ဟာအိုကို နေရခက်အောင်လုပ်နေပြန်ပြီ

"တက်ရင်လည်း တက်ကျဗျာ အရှေ့ကနေ ပိတ်ရပ်ထားတာကြာနေပြီ"

"hyung ကြားတယ်ဟုတ်"

ဟာအိုhyung ကဆူပုတ်ပုတ်နဲ့ ဟန်ဘင်းရဲ့ကားပေါ်ကိုတက်လာ၏ ချစ်ဖို့ကောင်းလိုက်တာဟုလည်း ဟန်ဘင်း တိုးတိုးတိတ်တိတ် ရေရွတ်မိလိုက်‌ပါသေးတယ်

"မင်း တော်တော်လေးကို ညစ်ပတ်လိုက်တာ"

"ကျွန်တော် ရေချိုးလာပါတယ်နော် ဒီမှာမွှေးကြည့် မွှေးနေတာပဲ"

"အဲ့တာကို ပြောနေတာမဟုတ်ဘူးလေ ငါပြောတာက မင်းက ညစ်တီးညစ်ပတ်နဲ့ လမ်းမပေါ် ကားပိတ်ရပ်ထားတဲ့ ကိစ္စကိုပြောနေတာ"

"အဲ့လိုလုပ်မှ hyungက ကားပေါ်တက်လာမှာလေ"

"....."

"hyung ရဲ့ မောင်ဆိုတဲ့သူကကော လိုက်မပို့ပြန်ဘူး‌လား"

"သူက မင်းလိုအားနေတဲ့သူမဟုတ်ဘူး သူ့အလုပ်နဲ့သူ"

"ဟုတ်တာပေါ့ ကျွန်တော့်က အလုပ်မှ မရှိတာ"

မျက်နှာအနည်းငယ်မဲ့သွားတဲ့ ဟန်ဘင်းကိုကြည့်ရင်း ဟာအို အနည်းငယ်လွန်သွားသည်ဆိုတာကို သိလိုက်၏

"ရောက်ပြီ ကျေးဇူးပဲ"

"hyung ညနေအားလား"

"ဟင့်အင်း ငါ မောင်နဲ့ချိန်းထားတယ်"

"အော်"

"ငါသွားပြီ"

ဟာအိုလို မလိမ်တက်တဲ့သူတစ်ယောက်က ဟန်ဘင်းကို ပိပိရိရိ လိမ်ခဲ့လိုက်ပါသေးတယ်
ငါ့အတွက်နဲ့ အချိန်တွေ မကုန်စမ်းပါနဲ့ ဟန်ဘင်းရာ မင်းနဲ့တန်သူတဲ့သူက မင်းအနားမှာရှိနေပြီးသားပါ။

~🌹~

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now