"မင်းကြီးက ကြင်ယာတော် ဆော့ဝူဟျွန်းရဲ့ နန်းဆောင်ကို ကြွသွားပါတယ် အိမ်ရှေ့စံ"
အထိန်းတော်ရဲ့ စကားကြောင့် ဂယူဘင်း သက်ပြင်းချမိသည်။ မချစ်နိုင်ဘဲ ဘာလို့ မျှော်လင့်ချက်တွေသွားပေးနေတာလဲ နောင်တော်ရယ်လို့ မေးလိုက်ချင်ပေမယ့် သူဟာ ဘုရင်ပဲမလား။ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကြင်ယာတော်ဟာ ဘုရင့်အပိုင်ပဲမလား...
******************************
ဟဲနိုင်ငံတော်ရဲ့ နန်းတွင်းရေးဟာ အာဏာလုပွဲဆိုတာမရှိပေမယ့် ပြည်သူတွေကော အမတ်တွေပါမသိတဲ့ အရှုပ်တော်ပုံ တစ်ခုရှိနေခဲ့တယ်။ အဲ့အရှုပ်တော်ပုံဘယ်ကစလဲဆို ဒါလ်နိုင်ငံရဲ့ အိမ်ရှေ့စံ တစ်နည်း ဟဲနိုင်ငံဘုရင်ရဲ့ ကြင်ယာတော်ကနေအစပြုပါတယ်။ တိုင်ပြည်ရဲ့ စစ်သူကြီးဟာ ပြည့်ရှင်ဘုရင်မင်းမြတ်ထံ ဆက်သထားတဲ့ ထိုကြင်ယာတော်ပန်လေးကိုမှ မြတ်နိုးကြောင်းဆိုလာလေရာ... ဒါဆို ကြင်ယာတော်ကကော၊ ကြင်ယာတော်ကတော့ သေချာပေါက် မင်းကြီးမျက်နှာ တစ်ကမ္ဘာတည်မယ့်သူပဲပေ့။ သို့ပေမယ့် မင်းကြီးကတော့ အချစ်ဦး တစ်ဖြစ်လည်း နန်းတက်စဥ်ကတည်းက အတူဘိသိက်ခံခဲ့တဲ့ ကြင်ယာတော်ကြီးအကြောင်းကို ဖွဲ့နွဲ့ပြောပြလိမ့်မယ်။ ကြင်ယာတော်ကြီးကတော့ နူးညံ့ပြေပြစ်တဲ့ရုပ်ရည်၊ အမတ်ချုပ်ရဲ့သားဆိုတာကိုမထောက်ဘဲ မိုက်ရူးရဲဆန်စွာပါပဲ အချစ်အကြောင်းပြောတဲ့အခါ သာမန် အညတရကောင်လေးလို့ ဖြေဆိုလိမ့်မယ်။
ဒီလိုပါပဲ၊ အချစ်ဆိုတဲ့အရာနဲ့တွေ့တဲ့အခါ ဘုရင်လား၊ မင်းဆွေမင်းမျိုးလား၊ သာမန်ပြည်သူလားဆိုတာတွေမရှိတော့ဘဲ အားလုံးဟာ ခြေစုံပစ် မျက်လုံးစုံမှိတ်တတ်ကြတယ်ထင်ပါရဲ့။
ဒီဟဲရဲ့အချစ်ဇာတ်လမ်းလေးကကော ဘယ်လိုအဆုံးသတ်မလဲ.....
ဒီဇာတ်လမ်းမှာ တစ်ခြားသော ဓါးစားခံဖြစ်နေတဲ့သူတွေကော ရှိနေဦးမလား.....
(ကဲကဲဘယ်သူကမင်းကြီး၊ မင်းသူကဘာဆိုတာ ခန့်မှန်းကြည့်ကြပါဦး)
Seokiepp
[1/5/23]
YOU ARE READING
War of Love [Ongoing]
Randomနန်းတွင်းအရှုပ်တော်ပုံဆိုတာ အာဏာလုတာ၊ ထီးနန်းလုတာမျိုးပဲမဟုတ်ဘဲ "အချစ်"ဆိုတဲ့အရာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သက်သေပြသွားမယ့် ရာဇဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.....