Chapter-1 (Zawgyi)
12 1 0
"ရော့....ဒီမှာငွေသိန်း၅၀၀ယူသွားလိုက်"
ပီပြင်စွာထွက်ပေါ်လာသောစကားသံသည် လူနှစ်ဦးတည်း ကြားရုံမျှအသံဖြစ်ပေမဲ့ တစ်ဖက်လူအား ငြင်းဆန်ခွင့်မပေးလောက်သည့်အထိ အမိန့်အာဏာသံ ဆန်လှသည်။
ထိုအသံသည်ကား ဧည့်ခန်းအတွင်းရှိ မဟော်ဂနီရောင်ကျွန်းစားပွဲကြီး၏ရှေ့တွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည့် လူနှစ်ဦးထဲမှ ဝတ်ကောင်းစားလှများကို တစ်ကိုယ်လုံးအပြည့် ဝတ်ဆင်ထားသော အသက်၅၀ကျော်နီးပါးခန့်ရှိသည့် အမျိုးသမီးကြီးဆီမှ ထွက်လာသောအသံဖြစ်၏။
စကားသံပြီးဆုံးသည်နှင့် အလျားရှည်သည့် ကျွန်းစားပွဲကြီးပေါ်သို့ ပစ်တင်လိုက်သော ​ငွေထုပ်ကြီးများကလည်း မက်မောစရာအတိပင်။
ထိုအမျိုးသမီးကြီး၏စကားကြောင့် မျက်နှာချင်းဆိုင်ရှေ့တွင် ထိုင်နေသည့် အသက်၂၀ကျော်အရွယ် လူငယ်လေးက ထိုစကားကိုကြားသော်လည်း သူ့ရဲ့အမူအရာမှာတော့ ဗလာနတ္တိ။
ထိုအခါမှ ပြဇာတ်ကောင်းတစ်ခုအား ကြည့်ချင်နေသည့် အမျိုးသမီးကြီးက လက်ထဲတွင် ညှပ်ကိုင်ထားသည့် တန်ဖိုးကြီးတံဆိပ်မှန်းသိသာလှသော ဆေးလိပ်ကိုတစ်ချက် ရှုရှိုက်လိုက်ကာ
အေးစက်စက်မဲ့ပြုံးတစ်ခုကို သူမမျက်နှာထက်တွင် ဆင်မြန်းလိုက်၏။ လူငယ်လေးဆီမှ ဘာတုံ့ပြန်သံမှကြားမလာတော့ အမျိုးသမီးကြီးကပင်...
"မင်းကမြတ်မင်းမောင်ရဲ့သားမှန်း ငါအစတည်းက သိခဲ့ရင်မင်းကို ဒီအိမ်ရိပ်ကိုနင်းဖို့တောင် ငါခွင့်ပြုမှာမဟုတ်ဘူး။ မင်းသာဥာဏ်ကောင်းမယ်ဆိုရင် ဒီငွေတွေက ဘာကိုဆိုလိုချင်လဲဆိုတာ မင်းသိမှာပါ။ ငွေမလောက်ရင် တစ်ခါတည်းပြောလိုက် ငါ့ဘက်က
ဒီ့ထက်မကပေးနိုင်သေးတယ်"
"နောက်ပြီး ဒို့သားနဲ့လည်း ထပ်ပြီးမပတ်သတ်မိစေနဲ့။ သားရဲ့သူငယ်ချင်းတွေပြောပြလို့ မင်းတို့ရဲ့အကြောင်းစုံ ကိုလည်း ဒို့သိပြီးပြီ...ဒို့ပေးတဲ့ငွေကိုလက်ခံပြီးရင်တော့
သားရှေ့မှာ နောက်ထပ်ဘယ်တော့မှ ​ရောက်မလာမိအောင်နေပါ။ ဒီ​နေ့ခေါ်တွေ့ရတာလည်း သားကမင်းအတွက် နစ်နာကြေးကိုပေးလိုက်ပါဆိုလို့ ဒို့ကသဘောထားကြီးကြီးနဲ့ခေါ်တွေ့ပြီးပေးတာ"