အပိုင်း ၃၇

1K 140 13
                                    


နောက်တစ်ရက် ဟယ်ကျန်း နိုးလာတော့ ပထမဆုံး စောင်ကို ဖယ်လိုက်ပြီး ဟိုဟိုသည်သည် ကြည့်လိုက်တော့ ဖန့်ထျန်းကျိုက ခုံပေါ်မှာ ရှိမနေတော့ချေ။

မနေ့က ဆေးက အိပ်ဆေးတစ်မျိုးမျိုး ပါမည်ထင့်၊ ဟယ်ကျန်း တစ်ညလုံး ဘာသံမှ မကြားရဘဲ အိပ်ပျော်သွားခဲ့ရ၏။

သူ စောင်ကို ဘေးဖယ်ထုတ်လိုက်ပြီး ပျင်းရိစွာ ထလိုက်ကာ သူ့ခြေထောက် သူ ကြည့်လိုက်ပြီးနောက် ထပြီး သန့်ရှင်းရေး လုပ်လိုက်သည်။ သူ့ဆံနွယ်တွေကို ချည်ဖို့ ပျင်းလွန်းတာကြောင့် 'အိပ်ယာဖော်' တစ်ယောက်နှယ် ဆံနွယ်တို့ကို ဖရိုဖရဲ ချထားလိုက်သည်။

သူ ထမင်းစားရန် ထွက်သွားတော့ ကျန်းဖုယွမ်က ကြောက်သွားလို့ထင်သည်၊ စားပွဲကနေ ထပြေးသွားလေတော့၏။

ဟယ်ကျန်းက တံခါးကနေ ဝင်လာပြီး သတ္တိခဲကာ ခိုးကြည့်လိုက်သည်။
အဲ့နောက်မှာတော့ သူက ဘုရင့်အိပ်စက်ရာခန်း၏ အရှေ့ကနေ ဖြတ်လျှောက်လာပြီး တိတ်ဆိတ်စွာနှင့် ရပ်လိုက်သ်ည။ သို့တိုင် သူ ကြောက်နေဆဲပင်။

မနေ့တုန်းက သူ့ကိုယ်သူ စိတ်ချရအောင် လုပ်ခဲ့ပြီးဖြစ်သော်လည်း ထိုသူ့အပေါ် သူ့အကြောက်တရားတို့က အစာစားသလိုမျိုး သဘာဝကျစွာ ဖြစ်တည်နေပြီး၊ သူနှင့် နှစ်ယောက်တည်း ရင်ဆိုင််တွေ့ရမည်လို့ တွေးလိုက်သည့်အတွေးကတောင်မှ သူ့ဦးရေပြားကို ထုံကျင်သွားစေပြီး သူ့ဦးဏှောက်ကို အောက်စီဂျင် ပြတ်လပ်သွားစေတော့သည်။

"ဝင်လာခဲ့" ဖန့်ထျန်းကျိုက သူရောက်ရောက်လာခြင်းကို သတိပြုမိသွားဟန်တူသည်၊ သူ့ကို အတန်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း တုန့်ဆိုင်းနေသည်ကို တွေ့တော့ နောက်ဆုံးတော့ နှုတ်မြွက်ဟကာ ခေါ်လိုက်ရလေတော့သည်။

ဟယ်ကျန်းက ဝင်လာပြီး သက်တောင့်သက်သာရှိဟန် ဟန်ဆောင်လိုက်ကာ တစ်ဖက်သူကို ပြုံးပြလိုက်သည်၊ "အရှင်မင်းကြီး၊ မနေ့က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပါရဲ့လား?"

ဘာကို ပြောချင်နေတာလဲ
အဲ့ မာကျောပြီး အေးစက်နေတဲ့ ခုံက ဘယ်လိုလုပ်ကောင်းနိုင်ပါ့မလဲ။

အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရားWhere stories live. Discover now