အပိုင်း ၃၅

Mulai dari awal
                                    

ဟယ်ကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ သူ့ကို တွန်းလိုက်သော်လည်း ခွန်အားမတန်သည်မို့ သူ့ကို မတွန်းလိုက်နိုင်ရုံသာမက ထိုသူ၏ လှုပ်ရှားမှုတို့ကို ပိုလို့တောင် ပြင်းထန်သွားစေတော့သည်။

"အရှင်မင်းကြီး၊ ကျွန်တော် ဗိုက်ဆာပြီ။" ဟယ်ကျန်းက တောင့်ခံကာ မောဟိုက်သံဖြင့်ဆိုလိုက်သည်၊ "မင်းသားငယ်လေးလည်း အရမ်းဗိုက်ဆာနေပြီ၊ ကျွန်တော်တို့ စားကြမလား?"

ဖန့်ထျန်းကျို၏ နှုတ်ခမ်းတို့က သူ့နားရွက်အောက်နားကို ထိသွားပြီးနောက် မှုန်မှိုင်းစွာဖြင့် သူ့ကို လွှတ်ပေးလိုက်သည်။

ဟယ်ကျန်း ထိုင်ခုံပေါ် နောက်ပြန် ချော်ကျသွားပြီး ထိုင်ချလိုက်ကာ အစားအစာကို ခပ်လိုက်ပြီး သူ့ပါးစပ်ထဲ သွင်းလိုက်၏။ ဖန့်ထျန်းကျိုက အမူအယာမဲ့စွာဖြင့် သူ့ကို ကြည့်နေတေ့ ဟယ်ကျန်းက မျက်လုံးထောင့်စွန်းကနေ တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းကို သူ့တတောင်ဆစ်နှင့် တမင် သုတ်ပစ်လိုက်သ်ည။ ဖန့်ထျန်းကျို မျက်မှောင်ကြုတ်လိုက်၏။

ကျွတ်၊ သူ ခုလေးတင်ပဲ ပြင်းပြင်းပြပြ နမ်းထားခဲ့တာ၊ ပဲပိစပ်တစ်လုပ်လောက်မြင်တာနဲ့ ငါ့ကို မကြိုက်နှစ်သက်ကြောင်း ပြတော့တာပဲ။

နောက်ဆုံးတော့ ဖန့်ထျန်းကျိုလည်း သူ့တူတစ်စုံကို ကောက်ကိုက်လိုက်တော့သည်။

ဒီတစ်ကြိမ်မှာတော့ ဟယ်ကျန်းက သူ့ကို ခွေးကျွေးသလိုမျိုး ပုံနေအောင် ထည့်မပေးတော့ပေ။ ဖန့်ထျန်းကျိုက ဟယ်ကျန်း သူ့ကို ထည့်ပေးလာသည့်ဟင်းတွေကို တုံ့ဆိုင်းစွာ မျိုချလိုက်သည်။ ဟယ်ကျန်း ဘာအမူအယာမှ မဖြစ်ဘဲ စားနေတာကို မြင်တော့ သူ့မျက်နှာက အလွန်ရုပ်ဆိုးသွားပြန်၏။

ဟယ်ကျန်း၏ ကိုယ်ဝန်ဆောင်တုံ့ပြန်မှုက အရမ်းကြီး ပြင်းထန်လွန်းတာမဟုတ်ပေ။

စားစရာတွေများလွန်းတာကြောင့် ဟယ်ကျန်းတစ်ယောက် မတ်တပ်ရပ် ထထည့်တာတောင်မှ လက်လှမ်းမမီဖြစ်နေသည့်အတွက် ထလိုက်ပြီး ကျန်းဖုယန်၏ ထိုင်ခုံသို့ သွားကာ ထိုင်လိုက်သည်။ ၎င်းက သူနှင့် ဖန့်ထျန်းကျိုအကြား ပို၍ ခြားသွားစေပြီး သူကတော့ ပျော်ပျော်ကြီးကို စားနေတော့သည်။

အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရားTempat cerita menjadi hidup. Temukan sekarang