အခန်း ၁ Arc1

820 40 1
                                    

ယုယိုသည် သူမသေသွားသည်ကို သိသော်လည်း ကြောက်ရွံ့မှုလုံးဝမခံစားရဘဲ စိတ်သက်သာရာရသည်ဟု ခံစားရသည်။

သူမ မှတ်မိတာက နေ့တိုင်း ယဉ်ကျေးမှု သင်ခန်းစာ ၊ စန္ဒယား သင်ခန်းစာ ၊ အနုပညာသင်ခန်းစာ ၊ ကျင့်ဝတ် သင်ခန်းစာများ ... အတိုချုပ်ပြောရလျှင် သူမသည် အဆင့်သတ်မှတ်နိုင်သော အရာအားလုံးကို အမြဲတမ်းသင်ယူရသည်။

သူမ၏မိခင်သည် ချမ်းသာသောမိသားစုမှ စွန့်ပစ်ထားခံရသော စံပြဇနီးတစ်ဦးဖြစ်သည်။ ချမ်းသာသောမိသားစုမှ ဖယ်ထုတ်ခံခဲ့ရပြီးနောက် သူမ၏ဘဝတွင် ယူယိုကို သူမ၏တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းအဖြစ် မှတ်ယူကာ ဘက်စုံတော်သော ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာစေရန် အကျင့်စာရိတ္တ၊ အသိဥာဏ်၊ ကိုယ်လုံးကိုယ်ပေါက်၊ အလှတရား အားလုံး လေ့ကျင့်ပေးခဲ့သည်။

ယုယိုက ငယ်ငယ်က သူမ အဲ့လိုမဖြစ်ချင်ကြောင်း ပြောခဲ့ပေမယ့် လေ့ကျင့်ခန်းတေကို ငြင်းတဲ့အခါ သူမအမေက ဆိုဖာပေါ်မှာ ထိုင်ပြီး တစ်ညလုံး ညည်းတွားပြီး ငိုယိုသည်.. နောက်ပိုင်းမှာ ယုယိုက သူမအမေဖြစ်စေချင်တဲ့အရာအားလုံးကို လိုက်နာခဲ့သည်။

သူမဟာ တစ်နေ့ကို ငါးနာရီထက် ပိုမအိပ်ဖူးခဲ့သလို ဖျားနေရင်တောင် တစ်ရက်မှ မနားခဲ့ဖူးဘူး။

တနေ့ သူမ လမ်းဖြတ်ကူးရင်း ကားတိုက်ခံလိုက်ရတယ်။

သူမရှေ့တွင် ကွက်လပ်တစ်ခုရှိနေသည်၊ထိုနောက် ပန်းသီးတစ်လုံးရောက်လာပြီး ထိုပန်းသီးသည် သူမကို ဤစကားများပြောပြသည်။

1. သူမသေမလား။
မဟုတ်ရင်...
2. Apple စနစ်ကို လက်ခံသဘောတူပြီး တာဝန်များ ပြီးမြောက်သရွေ့ သူမ အသက်ရှင်ရန် အခွင့်အလမ်း ရှိတယ်။

ယုယိုက သူမခေါင်းကို ခါယမ်းလိုက်ပြီး "မလိုပါဘူး"

Apple က အနည်းငယ် စိတ်ရူပ်သွားသည် - "ဘာလို့ သဘောမတူတာလဲ ၊ ဘဝက ဘယ်လောက်လှလဲ၊ ဒီအခွင့်အရေးကို လူဘယ်နှစ်ယောက်လောက် လိုချင်လဲ။ မင်းက ဘယ်လို မြတ်နိုးရမှန်းမသိဘူးလား..."

Apple က ဘယ်လောက်ပဲ ပေါက်ကွဲနေပါစေ သူမက ဘာမှ မတုံ့ပြန်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြင်းဆိုမှုတွေကို ဖော်ပြနေတယ်။

ဇာတ်ကြောင်းကို ပြောင်းလဲမယ် (ယူယို)Où les histoires vivent. Découvrez maintenant