|Prologue|

18K 257 1
                                    

"ငါ မင်းကို သောက်ရမ်းမုန်းတယ် နိုင်း"

ကုတင်ပေါ်တွင်လဲကျနေသူက ပင်ပန်းနွမ်းနယ်နေသည့်ကြားကအံကြိတ်သံဖြင့်ပြောလာသည်။တစ်ညလုံး တောက်လျှောက် လုပ်ခဲ့တာတောင်မှ အခုထိကိုမာန်ကမကျသေး။

နိုင်းဆိုတဲ့ကောင်ကလည်း ဒီလိုမျိုးမှ ကြိုက်တာ။

"ကျုပ်ကလည်း သောက်ရမ်းချစ်တယ် ။ကျေနပ်လား ခင်ဗျား..."

နှုတ်ခမ်းထင်းထင်းကြားကထွက်ပေါ်လာသည့်အက်ရှရှသံက ကုတင်ပေါ်ကလူ၏လက်သီးဆုပ်ကိုပို၍တင်းကြပ်သွားစေသည်။

"မင်း..."

ဒေါသထွက်ပေမယ့် သူဘာမှမလုပ်နိုင်သေး။ညကလိုသာစိတ်ရှိလက်ရှိ ထုရိုက်ရမယ်ဆိုရင် အခုလိုလေသံနဲ့ ဒီကောင်ပြောနိုင်မှာမဟုတ်။ ခွေးကျင့်ခွေးကြံနဲ့ အလစ်အငိုက်ဖမ်းတတ်တဲ့ ဒီလိုကောင်ကိုသာချီးကျူးရမလိုလို။

"အာ့"

ရုတ်တရက်ခွေးလိုကောင်က မျက်နှာကိုလက်ဖြင့်ချုပ်ကာ ....

"ဟောဒီ ပါးစပ်‌ လေးကမုန်းတယ်ဆိုတဲ့စကားတစ်ခွန်းထပ်ပြောကြည့်လိုက်။ကျုပ်က ခင်ဗျားကိုဆယ်ဆချစ်ပြမယ်။ ခင်ဗျား အခါတစ်ရာပြောဦးမလား။ကျုပ်ကမမောဘူး အခါတစ်ရာ ချစ်ပြဦးမှာ ! ခင်ဗျားသာ အမောခံနိုင်အောင် ကြိုးစားထား အဟက်"

ကြားလိုက်ရတဲ့စကားတွေကမသထီစရာအတိ။
ဒီလေသံ၊ ဒီစကားလုံး၊ဒီအငွေ့အသက်၊ အားလုံးကို သူမုန်းသည်။ စာနာတတ်တဲ့သူ့နှလုံးသားကိုအခွင့်ကောင်းယူပြီး ယုတ်မာတဲ့ကောင်။

ဒေါသကြောင့်ကုတင် ပေါ်ရှိခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်‌လို့နေသည်။ညကအရှိန်ကြောင့် ဖြူစုတ်စုတ် ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် နီရဲနေကာ ကြည့်လို့မကောင်း။ သူများမြင်ရင်တော့ ကိုယ်က နှိပ်စက်လို့ ဖြစ်ရသည်ဟု ထင်ကြဦးမည်။

ဘယ်သူကယောက်ျားလေးဖြစ်ပြီး ဒီလောက်တောင်နုဖတ်ခိုင်းနေလို့လဲ ! အနံ့လေးမွှေးလို့ အနားလေး ခဏကပ်တာကို အတင်းရုန်းကန်နေတာက သေတော့မလိုပဲ။ ဒီကကောင်ကြီးက အဲ့လိုတွေ ထွန့်ထွန့်လူးပြလေ ပိုပြီး စိတ်ဝင်စားလေပဲဆိုတာကို မသိတာတော့ သူ့အပြစ်ပဲ !

Cold Blooded LoveWhere stories live. Discover now