ပျမ်းမျှပြောရရင် orcတစ်ယောက်စီက သားရဲငါးကောင်ကနေ ခြောက်ကောင်ထိရင်ဆိုင်ရမှာဖြစ်ပြီးအထူးသဖြင့် ဧကရာဇ်သားရဲလိုမျိုး သူတို့တစ်ယောက်တည်းမကိုင်တွယ်နိုင်တဲ့ အစွမ်းထက်သားရဲအချို့ရှိသေးတယ် ။ ဒီအချိန်မှာ တိုက်ပွဲက စတင်ရုံပဲရှိသေးပြီး ဧကရာဇ်သားရဲက သားရဲအုပ်နောက်ကို ဖြည်းညှင်းစွာ လိုက်လာကာ အပြင်ပန်းအားဖြင့်တော့ တိုက်ပွဲအတွက်ယုံကြည်မှုရှိပုံရပြီး သူက ဂရုမစိုက်ပုံပေါက်တယ်။

သားရဲအရေအတွက်များသော်ငြားလည်း orcsတွေက သိသိသာသာကို သက်သက်လွတ်သမားတွေ မဟုတ်ကြပါဘူး။ ကြီးမားတဲ့ခြင်္သေ့ထီး‌တွေက သားရဲအုပ်ထဲက သားရဲတွေကိုသတ်ဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းနေကြတယ်။မကြာမီ ထူထပ်နေတဲ့နှင်းတွေ ဖုံးလွှမ်းခံလိုက်ရတဲ့ မျိုးနွယ်စုရှေ့က ကျယ်ပြောလှတဲ့ကွင်းပြင်နေရာက အနီရောင် တောက်တောက်သွေးတွေနဲ့ စွန်းထင်းသွားတယ်။ ပတ်၀န်းကျင်တဝိုက်က အဖြူရောင်နောက်ခံကြောင့် သွေးအစွန်းအထင်းတစ်ခုချင်းစီက တောက်ပနေခဲ့တယ်။သွေးနံ့က မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံသွားပြီး orcsတွေက သွေးတွေဖုံးလွှမ်းနေကာ သားရဲတွေလည်း ကိုယ်စီသွေးလွှမ်းနေခဲ့တယ်။

orcs တွေရဲ့ပြင်းထန်တဲ့ခုခံမှုအောက်မှာ သားရဲအုပ်က မကြာခင်မှာပဲ လေးပုံတစ်ပုံလျော့ကျသွားတယ်။အဲ့ဒီအချိန်မှာ သားရဲတွေက orcs တွေရဲ့ကာကွယ်ရေးမျဉ်းကို ထိုးဖောက်နိုင်သွားပြီး သူတို့နေထိုင်ရာဂူဆီကို ပြေးသွားကြတယ်။တောင်ခြေရင်းမှာရှိတဲ့ ဒုတိယကာကွယ်ရေးမျဉ်းက orcsလေးတွေက ရှေ့ကို ပြေးလာတဲ့သားရဲအနည်းငယ်ကို စိတ်လှုပ်ရှားတုန်လှုပ်စွာ ကြည့်လိုက်ပြီး ကြိုးစားကြည့်ဖို့ ရှေ့ကိုခုန်တက်သွားကြတယ်။

"အန်းချီလော့ ဆီပူနဲ့ရေနွေးပူတည်ဖို့ မီးကို အမြန်မွှေးလိုက်"ပိုင်မုက သားရဲတွေ ချဉ်းကပ်လာတာကိုမြင်တဲ့အခါ အန်းချီလော့ကို ချက်ချင်း အမိန့်ပေးလိုက်တယ်။ အန်းချီလော့က ဒါနဲ့သူဘာလုပ်မလဲဆိုတာကိုမသိပေမယ့် ပိုင်မုမှာရည်ရွယ်ချက်ရှိမယ်လို့ သူယုံတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now