"မခေါ်ချင်ပါဘူး....ခေါ်ချင်တဲ့ စိတ်မရှိဘူး....
တော်ကြာ အသဲယားလို့
ရှင် မပြန်ချင်တော့ဘူးဆိုရင်...ကျွန်မ တင်ကျွေးနေရအုံးမယ်..."

"ခေါ်ပါ တီချယ် ရဲ့ ....ကြားချင်လို့.."

"ဘေဘီ!!!! ပြန်တော့ ပြန်တော့..."

"အားး.. ဟီးဟီး...ပြန်ပြီ ပြန်ပြီ...
စောင့်နေမယ်နော်...ပြန်လာမဲ့နေ့ ဖုန်း ကြိုဆက်...
ကားဂိတ်မှာ လာကြိုမယ်..."

"မရောက်သေးတဲ့ အနာဂတ်တွေ မပြောနဲ့...
စာပဲ ပုံမှန်ကျက်...ပြန်တော့ ပြန်တော့...
မသိတာ နားမလည်တာရှိရင်...
video callခေါ်လိုက်...ရှင်းပြမယ်..."

"ဟုတ်..."

အဲ့ အချိန်က စလို့....
နေ့တိုင်း...နားမလည်တဲ့ ပုစ္ဆာပေါင်း တစ်သောင်းနဲ့....
တီချယ့်ကို video call ခေါ်ကာရှင်းခိုင်းပါတော့တယ်....
နေ့ရက်တိုင်း မငြိုမငြင်နဲ့...စာရှင်းပြပေးတဲ့
တီချယ့်ကို မြတ် အားနာမိပါ၏....
စာထဲ စိတ်ဝင်စားမှု့ မရှိဘဲ...ဖုန်း screen ပေါ်က..
တီချယ့် မျက်နှာလေး အပေါ်သာ....စိတ်ဝင်စားမှု့
ပိုများနေခဲ့၏....

သည်လိုနှင့်......
‌မိုးရာသီ သို့ တစ်ဖန်ရောက်ရှိလာပြီ....
ရွှေဘုံနန်းက အမျိုးသမီးလေးလည်း....
တောရွာနားက ကျောင်းလေးဆီသို့....
လှမ်းလာခဲ့ပြီပေါ့.....

"အား...တီချယ် ပိန်ကျသွားတယ်ပါလား..."

"ပိန်မှာပေါ့...တနေ့မှာ ၂၄ နာရီ ရှိတာ...
၂၃ နာရီလောက်က...ဖုန်း ခေါ်နေတော့...
ဘာမှကို လုပ်မရ ကိုင်မရနဲ့...."

"ဟာ...တီချယ်ကလည်း....မြတ်က...
လွမ်းလို့ပါ...အယ်...မှားလို့...မြတ်က...
စာမရှင်းတာလေးတွေရှိလို့ပါ....
ဟီး...မငြိုငြင်ပါနဲ့နော်....
ဒီကိုရောက်ရင်...တီချယ့်ကို ရှယ် ပြုစုတော့မှာ...
အခုတောင်...တီချယ့် အ‌တွက် မာလကာသီး...
လိုက်ရှာပေးနေတာ...."

"အမ်း......"

"တီချယ်ပဲကြိုက်တယ်ဆိုလို့လေ...."

"ကြိုက်စရာလား...ရှင်ရဲ့...
ကျွန်မပြောတဲ့ မာလကာသီးက...ရှင့်ကို...
ခေါင်းမာလို့ တင်စားပြီး ခေါ်တာ..."

"ဟင်...ဒါဆို ဟိုတစ်ခါ...တီချယ် အရမ်းကြိုက်ပြီး...
စားချင်တယ်ဆိုတာက.....
အမ်း...မဖြစ်ပါဘူး....ဘာမှ မဟုတ်တော့ဘူး...
လာ...လာ...တီချယ် ခရီးပန်းလာတယ်....
အိပ်လိုက်တော့...."

အချစ်ဦး တီချယ်Where stories live. Discover now