part-2

1.1K 116 12
                                    

Uni!!






ရိပေါ်   သူ့ရဲ့ Resume ကိုစစ်ကြည့်နေသည့်မောင့်အား  ခိုး၍ကြည့်မိသည်မှာ ခဏ ခဏပင်။

မောင့်စကားသံခပ်ချိုချိုကိုကြားမှသာလျှင်အသိပြန်ကပ်တော့သည်။

"ဆိုတော့  မင်းက ဝမ်ရ်ိပေါ်ပေါ့"

မောင်က ရ်ိပေါ်ကိုမျက်ခုံးပင့်လို့မေးလာသည့်တစ်ခဏ ရိပေါ်မှာ တုန်ချင်နေသည့်အသံတွေကို ထိန်းလို့ ပြန်ဖြေရသည်။

မောင့်ရဲ့အရှိန်အဝါတွေက ရ်ိပေါ်အပေါ် အလုံးစုံ သက်ရောက်သည်ထင်ပါရဲ့။

"ဟုတ်ကဲ့ ကျွန်တော် ဝမ်ရ််ိပေါ်ပါဗျာ"

"အင်း  မင်းကို တစ်နှစ်စာလခ ကြိုပေးထားမယ်…ပြီးတော့ သုံးနှစ်စာ စာချုပ်ချုပ်ထားမယ် နောက်လကျမှ ကျန်တဲ့ နှစ်နှစ်စာ လခ တွေ ထပ်ထုတ်ပေးမယ်…တစ်ခုတော့ရှိတယ် မင်း စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ သုံးနှစ်မပြည့်မချင်း ဒီအိမ်က ထွက်သွားရဖို့မမျှော်လင့်နဲ့"

ပြောပြီး ရှောင်းကျန့်က ရိပေါ်ရဲ့ရှေ့သို့ bank cardနှင့် စာချုပ်တစ်ခုကို  ချပေးလေသည်။

ရိပေါ်မှာ မောင့်စကားကြောင့် ပါးစပ်ကလေးပွင့်ဟလို့ အံသြသွားရသည်။ကျောင်းအုပ်နျန်ပြောသည့်အထဲမှာ သုံးနှစ်စာချုပ်ကိစ္စမပါပေ။ဒါပေမယ့် ဒီစာချုပ်မှာ ရိပေါ် သေချာပေါက်လက်မှတ်ထိုးမှာဖြစ်သည်။

ဘာကြောင့်ဆို ဂေဟာကို လ စဉ် ထောက်ပံ့နိုင်ရန်နှင့် ချစ်ရသူမောင့်မျက်နှာကို
နေ့တိုင်းငေးကြည့်ခွင့်ရချင်၍။

"ဟုတ်ကဲ့ ကျွန်တော် လက်မှတ်ထိုးပါ့မယ်။"

ရိပေါ်စာချုပ်မှာလက်မှတ်ထိုးနေစဉ်တစ်လျှောက်တွင် အိမ်တော်ထိန်းအန်းနှင့်ရီရီတို့မှာလည်း အတွေးနယ်ချဲ့လျက်ရှိ၏။

အရင်ကလေးထိန်းတွေတုန်းကဆို သခင်ကြီးက တစ်လပြည့်မှ တစ်လစာပေးတာဖြစ်သည်။

သခင်လေးကိုလာထိန်းသည့်သူများမှာလည်း သခင်လေးရဲ့ဒဏ်ကိုမခံနိုင်ကြတာကြောင့် ကလေးထိန်းသမားတိုင်း တစ်လထက်ပိုပြီး
မနေနိုင်ကြပေ။

MY  SURVIVALWhere stories live. Discover now