အပိုင်း(၄)

Zacznij od początku
                                    

"နှောင်း.... ငါနင့်ကို ဘယ်လောက်ချစ်လဲ နင်သိလား..."

"သိဖို့မလိုဘူး... ပြီးတော့ ငါနင့်ကို လုံးဝ မချစ်ဘူး"

"နင်မချစ်လည်းရတယ် နှောင်း.... ငါချစ်နေရင်ရပြီ... ငါနင့်ကို အဆုံးရှူံးမခံဘူး...."

နေမျိုးရဲ့ မျက်ဝန်းစူးစူးတို့က ကြောက်စရာကောင်းလောက်အောင် ရီဝေလျက် နှောင်းလက်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။

"နေမျိုး..... ငါ့ကို တကယ်ချစ်ရင် ငါပျော်ရွှင်ဖို့ ဦးစားပေးရမယ်မလား.... "

"တော်တော့..... ငါက သူများတွေလို စွန့်လွှတ်ခြင်းတွေ ပေး‌ဆပ်ခြင်းတွေ နားမလည်ဘူး.... ငါ့အတွက်တော့ ငါချစ်တဲ့နင့်ကို ပိုင်ဆိုင်ရမှဖြစ်မှာ"

"ဆုတောင်းလိုက်လေ...."

"အဟင်း.... လာ အခု နင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်"

"မပြန်ဘူး..... ငါ့လက်ကိုလွှတ်..."

"နှောင်း....."

နှောင်းရုန်းနေစဉ် သူတို့ရှေ့ကို ဝင်လာသူက စွမ်း....

အားကိုးရာမဲ့‌နေသော နှောင်းက စွမ်းအားတွေ့သော် မျက်ဝန်းများ ဝင်းလက်သွားသည်။

"စွမ်း...."

"နှောင်း မပြန်သေးဘူးလား"

စွမ်းက လွယ်အိတ်ကြိုး ခပ်တင်းတင်းဆုပ်ကိုင်ကာ မျက်နှာက မသာမယာနှင့်...

"ကျူးလာမှ နှောင်းပြန်လို့ရမှာ..."

နေမျိုး၏ ခြေထောက်အား နှောင်း အားနှင့်ကန်ပစ်၍ စွမ်းဆီ ပြေးသွားလိုက်သည်။

"တောက်..."

နေမျိုး တောက်ခေါက်ကာ ခါးထောက်လျက် မဲ့ပြုံးပြုံးကာ စွမ်းအားကြည့်နေသည်။ နှောင်းက ရန်ဖြစ်မည် စိုး၍ စွမ်းလက်မောင်းအား ဆွဲရင်း လမ်းလျှောက်ခဲ့သည်။

"ကျူးရင့်မေက ဘာလို့ မလာသေးတာလဲ"

"သူ နေ့လည်က အပြင်သွားတာ.... အိမ်ပြန်ချိန် ဝင်ခေါ်မယ်ဆိုလို့ စောင့်နေတာ...."

"အချိန်ကိုလည်းကြည့်ဦး...."

နှောင်း သူ့လက်မောင်းပေါ်မှ လက်လေး အသာဖယ်၍ လက်လေးနှစ်ဖက်ကိုသာ ကျစ်ကျစ် ဆုပ်ကိုင်ထားလိုက်သည်။

💕အကြင်နာဒိုင်ယာရီ💕Opowieści tętniące życiem. Odkryj je teraz